.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Friday, June 27, 2014

ဘဝ ၂၈။

ဘဝ ၂၈။

အလောင်းစားလုပ်တဲ့အထဲမှာ
ဘဝတွေပါသွားလေရဲ့
နေပူပူကြဲကြဲမှာ
ရေတစ်ခွက်သောက်မိဖို့
ဘဝတွေခရီးထွက်နေရ
ဘဝခရီးသည်အချင်းချင်း
နေရာလုကြ
မာနတရားတွေထောင်လွှားကြ
မလိုမုန်းထားစိတ်ဓာတ်တွေမွေးမြူကြ
ကန်ချလိုက်ရမလား
ရိုက်ထုတ်လိုက်ရမလား
ငယ်ညင်းငယ်နိုင်အကျင့်ဆိုးတွေ
ခါးပိုက်ထဲထည့်သိမ်းထားလို့
ဘဝတွေခါးသီးခဲ့ရပြီ
အကျင့်ဆိုး
အကျင့်ညစ်တွေက
မင်းဆိုး
မင်းညစ်တွေနဲ့ရောထွေးလို့
သူမတူအောင်ဘဝတွေခါးသီနေကြရ
ဟူးးးးးးး
မောလိုက်တာမေမေ။ ။

ဇွဲမာန်(အင်းဝ)
၀၂၃၀၆၀၁၄

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4