.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Sunday, September 21, 2014

ဆရာ ကျန်းမာပါစေ

ဆရာ ကျန်းမာပါစေ

လာပါသူငယ်ချင်း
ငါတို့အာလုံးအမှတ်မှားခဲ့ကြတဲ့
အတွေးတွေထဲမှာ
လူကြမ်းကြီးအဖြစ်ပါဝင်ခဲ့ပြီး
ဘဝတွေကိုအလှဆင်ပေးခဲ့တဲ့
အာစရိယဂုဏ်ရှင်တွေကို
ပူဇော်ကြရအောင်၊
သူဟာ
ငါတို့အတွက်
မြေဖြူကိုလက်နက်အဖြစ်အသုံးပြုခဲ့ပြီး
ရိုင်းစိုင်းနေတဲ့နှလုံးသားတွေ
နူးညံ့စေနိုင်ခဲ့တယ်
မယှဉ်ကျေးတဲ့အပြုမူတွေ
လိမ္မာစေနိုင်ခဲ့တယ်၊
ရှုပ်ထွေးနေတဲ့အသိဉာဏ်တွေ
ရှင်းလင်းစေနိုင်ခဲ့တယ်၊
ပျော့ညံ့နေတဲ့စိတ်ဓာတ်တွေ
မာကျောစေနိုင်ခဲ့တယ်
သူဟာ
ဘယ်တော့မှငါတို့အပေါ်သစ္စာမဖောက်ဘူး
ကြီးမားမြင့်မြတ်တဲ့စိတ်ဓာတ်တွေ
သူ့ဆီမှာရှိတယ်၊
နာ သုံး နာကိုရင်ဝယ်ပိုက်ပြီး
စရိုက်တွေမတူညီတဲ့ငါ့တိုကို
တသားထဲဖြစ်အောင်စွမ်းဆောင်ပေးနိုင်ခဲ့တယ်
သူဟာငါတို့အတွက်
အလင်းရောင်ရှင်
သူဟာငါတို့အတွက်
ကျေးဇူးရှင်
သူဟာငါတို့အတွက်
စွမ်းအားရှင်
လာပါသူငယ်ချင်း
မင်းမှာရှိတဲ့အပြစ်
ငါ့မှာရှိတဲ့အပြစ်
မြေဝယ်မကျဒူးထောက်ပြီး
ဝန်ချတောင်းပန်လိုက်ကြရအောင်
သူ့ကို
လောကကပေးအပ်ထားတဲ့
ဂုဏ်ထူးတွေထဲမှာ
ဆရာ ဆိုတဲ့နာမည်လေး
ငါတို့သူငယ်ချင်းတစ်စုအမွှန်းတင်ပြီး
သံပြိုင်ရွတ်ဆိုလိုက်ကြရအောင်
ဆရာ ကျန်းမာပါစေ
ဆရာ ကျန်းမာပါစေ
ဆရာ ကျန်းမာပါစေ ။ ။

ဇွဲမာန်(အင်းဝ)
၂၁ ၉ ၂၀၁၄

မန္တလေးဗုဒ္ဓတက္ကသိုလ် အာစရိယပူဇော်ပွဲအမှတ်တရ
ဤကဗျာဖြင့် ဆရာ အားလုံးကို
ပူဇော်ပါသည်။

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4