.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Friday, December 19, 2014

ဒီကဗျာကိုခေါင်းစဉ်မတပ်တော့ဘူးမေမေ

ဒီကဗျာကိုခေါင်းစဉ်မတပ်တော့ဘူးမေမေ

ငြိမ်းချမ်းရေးသာ
zapya နဲ့ ကူးလို့ ပို့လို့ရရင်တော့
အမေ့ဆီကိုအရင်ပေးလိုက်ချင်တယ်မေမေ၊
နိုင်ငံရေးအခြေနေသိပ်မကောင်းဘူး
အမေ့ထမင်းအိုးလေးနပ်ပြီလား
အမေစားနေတဲ့ငပိရည်ရော
ကျန်သေးရဲ့လားမေမေ၊
ရွက်နုလေးတွေတော့ထွက်နေပါပြီ
သူများထက်ဦးအောင်တော့
အရင်သွားခူးလိုက်ပါမေမေ၊
ဟိုလူကအညွန့်ခူးချင်
ဒီလူကအညွန့်ခူးချင်နဲ့
အလစ်ချောင်းနေကြတာမေမေ၊
အမေကသာအနာဂတ်ကိုကြည့်ပြီး
အရွက်ကလေးတွေပဲ ခူးတာရယ်
ဟိုလူတွေကအနာဂတ်ကိုမကြည့်ဘူး
အကောင်းကြိုက်ကြတယ်
ရရင်ရသလိုခူးကြတာ
မေမေအဆင်ပြေပါစေ။   ။

ဇွဲမာန်(အင်းဝ)
၀၁၈၀၁၂၀၁၄

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4