.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Monday, October 5, 2015

သူတို့ဟာ ကျောက်သင်ပုန်းတွေဖြစ်တယ်

သူတို့ဟာ ကျောက်သင်ပုန်းတွေဖြစ်တယ်

ဝ လုံးတွေ ဝိုင်းဖို့
စေတနာမေတ္တာတွေခိုလှုံခဲ့ရတယ်
ဝ လုံးတွေညီစေဖို့
အထက်ထက်အခါခါလေ့ကျင့်ခဲ့ရတယ်
ဝ လုံးကလေးနဲ့စခဲ့ရတဲ့ငါတို့ဟာ
အက္ခရာတွေစာစီတတ်လာခဲ့ပြီ
ဝ လုံးကလေးလိုငါတို့ဘဝတွေ
ပြည့်ဖြိုးဝိုင်းလာတဲ့အခါ
ဝ လုံးတွေကိုဝိုင်းစေခဲ့သူကိုမမေ့အပ်ဘူး
ငါတို့ဟာ ဝ လုံးတွေဖြစ်သလို
သူတို့ဟာ ကျောက်သင်ပုန်းတွေဖြစ်တယ်
ငါတို့ဘဝတွေဝိုင်းစေဖို့
သူတို့ဘဝတွေပေးဆပ်ခဲ့တယ်
မညီညာသေးတဲ့ငါတို့ဘဝတွေ
ညီညီညာညာဖြစ်စေဖို့ရာ
အထက်ထက်အခါခါညှိပေးခဲ့တယ်
ဖြူဖွေးနေတဲ့မြေဖြူတစ်ချောင်းနဲ့
ဘာသာရေးခေါင်းဆောင်ကို
မွေးဖွားပေးခဲ့တယ်
နိုင်ငံရေးခေါင်းဆောင်းကိုလည်း
မွေးဖွားပေးခဲ့တယ်
စစ်သားကြီး
ဆရာဝန်ကြီး
အင်ဂျင်နီယာကြီး
ဆရာ/ဆရာမကြီးတွေလည်း
မွေးဖွားပေးခဲ့တယ်
သူတို့ဟာပန်းပျိုးသူအဖြစ်နဲ့
ကမ္ဘာကြီးကိုအကျိုးပြုနေခဲ့တယ်
တကယ်တော့
သူတို့ဟာ
ဆရာ/ဆရာမဆိုတဲ့နာမည်တစ်ခုနဲ့
ကျောက်သင်ပုန်းတွေဖြစ်တယ်။    ။

ဇွဲမာန်(အင်းဝ)
၅  ၁၀  ၂၀၁၅

ဤကဗျာဖြင့် ဆရာ/ ဆရာမ အားလုံး ပူဇော်အပ်ပါသည်။ 

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4