Pages

Sunday, September 7, 2014

လျှို့ဝှက်သောည

လျှို့ဝှက်သောည

ညက
မှောင်တာလား
မိုက်တာလား
မမြင်ရတာတော့အသေချာပဲ
သတ်ပုံမှားဖို့အတွက်
ညကိုတာဝန်ပေးမိရောလား၊

ကကြိုးကဟန်တွေလည်းမမှတ်မိတော့
သံစဉ်လှလှတွေလည်းမမှတ်သားမိတော့
ညဟာတစ္ဆေတစ်ကောင်
ညဟာဝိညဉ်တစ်ကောင်
ဝင်ပူးနေတဲ့ဘီလူးတစ်ကောင်အလား
ကိုယ်သင်းအနံ့တွေပျောက်ဆုံးခဲ့ရပေါ့၊

ညဟာ
စေတန်ရဲ့နတ်ဆိုးအမိန့်ကြောင့်
သိက္ခာတွေသိမ်းခြင်းခံလိုက်ရပြီ
ညက
မှောင်တာလား
မိုက်တာလား။     ။

ဇွဲမာန်(အင်းဝ)
၀၁၈၀၈၀၁၄

No comments:

Post a Comment