နင်မညာသင့်ဘူးမာယာ
မာယာ
နင်မညာသင့်ဘူးမာယာ
ငါ့အိမ်မက်တွေဝေဝါးခဲ့အောင်
နင်မညာသင့်ဘူးမာယာ
နင်ဟာနင်
ငါဟာငါဆိုပေမယ့်
နင်မညာသင့်ဘူးမာယာ
မတူကွဲပြားခြင်းတွေနဲ့
ဘဝကိုမြင့်တင်နေရချိန်မှာ
နင်မညာသင့်ဘူးမာယာ
ငါတို့ဘဝက
နင်ထင်သလိုမဟုတ်ဘူး
ရွေးချယ်ခွင့်မရှိတဲ့နေရာမှာ
ကျသင့်ရာကိုပဲရွေးနေရတယ်
နင်မညာသင့်ဘူးမာယာ
မာယာ
ငါ့ကို
လွတ်လပ်ခွင့်လေးပေးပါတော့
အိမ်ပြန်လမ်းမှာ
ပျော်ရွှင်ခြင်းတွေသယ်ဆောင်ခြင်သေးတယ်။
ဇွဲမာန်(အင်းဝ)
၀၁၇၀၈၀၁၄
No comments:
Post a Comment