Pages

Friday, September 19, 2014

ငြိမ်းချမ်းရေးနှလုံးသားဖြစ်ပါစေ

ငြိမ်းချမ်းရေးနှလုံးသားဖြစ်ပါစေ

မိသားစုထမင်းဝိုင်းလေးမြင်ချင်လိုက်တာ
ရေအဝသောက်ပါရစေ
ဗုံးခိုဝပ်ကျင်းလေးပေးပါ
စာရွက်တစ်ရွက်ထဲ
ငြိမ်းချမ်းရေးစာလုံးလေးရေးပေးပါ
သတင်းစာမဖတ်ချင်တော့ဘူး
ငြိမ်းချမ်းရေးစာချုပ်တွေထပ်နေလို့
အိမ်ပြန်နောက်ကျခဲ့ရင်
အဖေ့ကိုလည်းမမေးပါနဲ့
အမေ့ကိုလည်းမပြောပါနဲ့
ညီမလေးကိုလည်းအသိမပေးပါနဲ့
စစ်သားကြီးကိုမေးပေးပါ
ဘယ်နေ့တပ်ဆုတ်မှာလဲလို့
သဘောတူစာချုပ်တွေလည်းခဏခဏ
မြင်နေရတော့
ရင်မောလှပါပြီ
တဝုန်းဝုန်းတစ်ဒိုင်းဒိုင်းအသံတွေက
ခေတ်သစ်တူရိယာအသံတွေထင်ပါရဲ့
နားထဲမှာမဆန့်တော့ဘူး
သားစိုးရောက်နေတာလား
သီဟတင်စိုးရောက်နေတာလား
ကြွေးကြော်သံတွေနဲ့ကြောက်တယ်
သံစဉ်ရှာတာဆိုရင်ရပ်ပါတော့
ဇာတ်ကားရိုက်တာဆိုလည်းမကြည့်ချင်တော့ဘူး
ကဗျာဆရာတွေရေးနေကြတဲ့
ငြိမ်းချမ်းရေးကိုပဲ
နှလုံးသားထဲရောက်အောင်
သွင်းပေးပါ။ ။

ဇွဲမာန်(အင်းဝ)
၀၁၀၀၉၀၁၄

No comments:

Post a Comment