Pages

Monday, April 13, 2015

ဘဝ ၄၆။

ဘဝ ၄၆။

လာညီမလေး
ဟိုနားကမဏ္ဍပ်မှာတော်တော်စည်တယ်
ငါတို့တနပ်စာတော့ရလောက်တယ်
ညီမလေးဗိုက်ဆာနေပီလား
ခဏသီးခံလိုက်အုံးနော်
သင်္ကြန်ကအကြိုဆိုတော့
ထင်သလောက်ရေသန့်ဗူးခွံကမရသေးဘူး
အဖေနဲ့အမေကမျှော်နေမယ်ဟုတ်လားညီမလေး
အေးပါကွာ
တနေ့စာလောက်ရရင်ပြန်မှာပါ
ဘာ  ညီမလေးရေကစားချင်လို့ဟုတ်လား
ရော့ ညီမလေး
အကိုဟိုနားကကောက်ထားတဲ့ရေသေနပ်လေး
ခလုပ်ကတော့မကောင်းတော့ဘူး
ဒါပေမယ့်ပတ်လို့ရပါသေးတယ်
မငိုပါနဲ့ ညီမလေးရယ်
ရွေးကောက်ပွဲကြီးနီလာပြီ
အကိုတို့သူဋ္ဌေးဖြစ်တော့မှာကွ
ဟာ ညီမလေး
ဟိုမှာ  ရေသန့်ဗူးတွေ. . . . . . . ။        ။

ဇွဲမာန်(အင်းဝ)
၀၁၃၀၄၀၁၅

No comments:

Post a Comment