.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Sunday, September 7, 2014

နွားရိုင်း

နွားရိုင်း

လွတ်လပ်တယ်လို့ထင်ရတဲ့နယ်မြေမှာ
မလွတ်လပ်ခြင်းတွေကသိမ်းပိုက်လို့၊
မတန်မတရားအနိုင်ယူစိတ်တွေ
နွားရိုင်းအဖြစ်ဖန်ဆင်းလာခဲ့တယ်၊
တွေ့သမျှ
မြင်သမျှ
ရန်သူအမှတ်သညာတစ်ခုကလွဲပြီး
ဘာမှစိတ်ထဲမထားတတ်သေးတော့
စာနာစိတ်မေတ္တာစိတ်တွေကင်းမဲ့နေခဲ့တယ်၊
သခင်ကိုလည်းမသိ
ပိုင်ရှိင်ဆိုတာလည်းမရှိ
နွားရိုင်းတစ်ကောင်အဖြစ်နဲ့ပဲ
လောကကြီးကိုပဲ့ကန်နေခဲ့တယ်၊
စိတ်ရှိုင်းတွေဆူကြွ
လောကအလှဆိုတာတွေသူမမြင်တော့ဘူး
မြင် မြင်သမျှ
တွေ့ တွေ့သမျှ
ထိုးဝှေ့ဖို့ပဲစိတ်ကဦးဆောင်နေတော့
အပြစ်မဲ့သူတွေရှောင်တိမ်းနေရတယ်၊
သူတပါးကိုလိုက်ဝှေ့တက်ရုံနဲ့
သွေးနထင်တတ်ကာ
အောင်နိုင်သူအဖြစ်ကြွေးကြော်
အပြစ်မဲ့သူတွေကိုစိန်ခေါ်လိုက်ပြီး
မတန်မရာလုပ်ဆောင်နေခြင်းက
သူ့ဘဝကိုနဖားကြိုးထိုးစေခဲ့တယ်။ ။

ဇွဲမာန်(အင်းဝ)
၀၆၀၉၀၁၄

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4