.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Saturday, October 29, 2016

တူနှစ်စုံမေတ္တာဝေလို့ မိုးတွေရွာချတယ်

တူနှစ်စုံမေတ္တာဝေလို့ မိုးတွေရွာချတယ်
***************************
တွေ့ခဲ့တယ်
ချစ်ခြင်းမေတ္တာတရားတွေ
မြင်ခဲ့တယ်
နားလည်မှုသစ္စာတရားတွေ
ရခဲ့တယ်
အကြင်နာမှုစေတနာတရားတွေ
ပျော်ခဲ့တယ်
တူတူရယ်မောခဲ့တာတွေ
ထင်ကျန်ရစ်ခဲ့တယ်
နမ်းရှိုက်ခဲ့ရနံ့တွေ
ဆုံခဲ့တဲ့အမှတ်တရတွေ
ရေးထိုးနိုင်ခဲ့တယ်
ဒို့. . . . . .
အချစ်ရဲ့သင်္ကေတတွေအဖြစ်
သာယာလှပတဲ့ရှု့ခင်းတွေရယ်
ကောင်းကင်ပြာကြီးတွေရယ်
တို့နှစ်ယောက်ရယ်မောသံတွေရယ်
ပေါင်းစုံလို့
ချစ်ခြင်းမေတ္တာတွေဖြစ်ပြောင်းလဲ၍
မိုးကောင်းကင်ကြီးကရေးထိုးလိုက်ပါပြီ။     ။

ဇွဲမာန်(အင်းဝ)
02901002016

Sunday, October 16, 2016

သီတင်းကျွတ်ရဲ့လပြည့်ည

သီတင်းကျွတ်ရဲ့လပြည့်ည

မှောင်မိုက်သောညမှာလမင်းသာဖို့
လပြည့်ညကိုတမ်းတနေမိတယ်
လပြည့်နေ့ဟာ
သာသာယာယာနဲ့လှနေတယ်
ရောင်စုံမီးပုံးအလှ
ရောင်စုံဆီမီးအလှ
ရောင်စုံမီးပုံးပျံအလှ
အလှ အလှ အလှတွေစုံနေသောည
လပြည့်ညရဲ့လဝန်းလှ
ကြယ်ရောင်စုံသောည
မြတ်ဗုဒ္ဓလူ့ပြည်ပြန်ကြွမြန်းသောည
ဒီည ဒီည ဒီည
သီတင်းကျွတ်ရဲ့လပြည့်ည ။     ။

ဇွဲမာန်(အင်းဝ)
01601002016

မငိုပါနဲ့တော့ညီမလေး

မငိုပါနဲ့တော့ညီမလေး

အဆင်မပြေမှုတွေကြုံ လာတိုင်သာ
မျက်ရည်စက်တွေကျနေခဲ့မယ်ဆိုရင်
ပါးပြင်ပေါ်ကစိုရွဲမှုခြောက်မယ်မထင်ဘူး
မငိုပါနဲ့တော့ညီမလေး
သီတင်းကျွတ်ဟာ
သာသာယာယာအေးအေးချမ်းချမ်း
အတိတ်နိမိတ်တစ်ခုပါပဲ
အယူလွဲမှားဝိသမလောဘသားကောင်တို့ရဲ့
တလွဲစီရင်ချက်တွေကြောင့်
တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့
မြန်မာတွေရဲ့ယဉ်ကျေးမှုတွေဖျက်ဆီးနေကြတယ်
ကြာက်ပြီးမငိုပါနဲ့တော့ညီမလေး
စစ်သေနတ်သံဗုံးကွဲသံတွေကြားမှာ
အနာဂတ်ပျောက်နေတဲ့ကလေးတွေနဲ့သာရင်
ကလေးကြားရတဲ့ဗျောက်အသံက
ချို သာလွန်းလှပါတယ်ကလေးရယ်
ကြာက်ပြီးမငိုပါနဲ့တော့ညီမလေး
ဆက်သွားရမည့်လမ်းကိုသာမှန်မှန်လျှောက်လိုက်ပါ
ခြေချော်မိလို့လဲခဲ့ရင်
ပြန်ထပြီးဆက်လျှောက်လိုက်ပါ
စစ်ပွဲတွေကြားမှာနစ်မွန်းနေတဲ့ကလေးအတွက်
ညီမလေးကကြိုးစားရအုံးမယ်
အနာဂတ်မသေချာသေးတဲ့ကလေးတွေအတွက်
အလင်းရောင်တွေဖွင့်ပေးရအုံးမယ်
အကျိုးမရှိဗျောက်အသံတွေကြားတိုင်း
ကြောက်ပြီးမငိုပါနဲ့တော့ညီမလေး။      ။

ဇွဲမာန်(အင်းဝ)
16.10.2016

Monday, August 22, 2016

မသေချာသေးတဲ့ မနက်ဖြန်

မသေချာသေးတဲ့ မနက်ဖြန်
့

စိုထိုင်းထိုင်းရေတွေထဲ
သောကလှိုင်းတွေ
ပူဆွေလှိုင်းတွေ
ရိုက်ခက်
ရိုက်ခက့်
စီးဆင်းဆဲရေတွေနဲ့အတူ
မျက်ရည်တွေ
မျက်ရည်တွေ.......
ပါးပြင်ပေါ်စီးဆင်းလို့
မနက်ဖြန်အတွက်
အားအင်တွေမွေးနေလေရဲ့။    ။

ဇွဲမာန်(အင်းဝ)
၀၂၀၀၈၀၂၀၁၆

Thursday, December 31, 2015

2016 ကိုကြိုဆိုခြင်း

2016 ကိုကြိုဆိုခြင်း

ဘာသာတရားတိုရဲ့အလိုတော်ကျ
ကောင်းခြင်းတရာတွေပြည့်စုံ၍
အဆင်မပြေမှုတွေ
ကုန်ဆုံးသွားသောကိန်းဂဏန်းတွေနဲ့
ပျောက်လွှင့်ပါစေ
သတ္တဝါအားလုံးတို့ရဲ့အလိုဆန္ဒတွေ
ပြည့်စုံကြွယ်ဝကြ၍
ချမ်းသာသုခတွေစံစားခံစားနိုင်ကြစေ
နှစ်တစ်ခုရဲ့အစ
ဖြူစင်ခြင်းတွေနဲ့သန့်စင်လို့
အားလုံးရဲ့စိတ်ခံစားမှု့ရင်မှာ
တူညီစွာရှိုက်ခက်မည်ဟိန်းလိုက်သံက
နှစ်သစ်မှာပျော်ရွှင်ပါစေ။         ။

ဇွဲမာန်(အင်းဝ)
၁ ၁ ၂၀၁၆

Monday, November 16, 2015

ဇွဲမာန်(အင်းဝ) ၏ စာအုပ်ထွက်ရှိ

လူငယ်တွေအတွက် အထူးသင့်လျှော်သော
ဆရာတော် တက္ကသိုလ်တေဇာလင်း၏ အမှာစာနှင့်အတူအခက်ခဲကြားကနေ ကျွန်တော့်စာအုပ်လေး ထွက်ပါပြီ

ကြည့်ရှု့ရန်

1 2 3 4