မငိုပါနဲ့တော့ညီမလေး
အဆင်မပြေမှုတွေကြုံ လာတိုင်သာ
မျက်ရည်စက်တွေကျနေခဲ့မယ်ဆိုရင်
ပါးပြင်ပေါ်ကစိုရွဲမှုခြောက်မယ်မထင်ဘူး
မငိုပါနဲ့တော့ညီမလေး
သီတင်းကျွတ်ဟာ
သာသာယာယာအေးအေးချမ်းချမ်း
အတိတ်နိမိတ်တစ်ခုပါပဲ
အယူလွဲမှားဝိသမလောဘသားကောင်တို့ရဲ့
တလွဲစီရင်ချက်တွေကြောင့်
တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့
မြန်မာတွေရဲ့ယဉ်ကျေးမှုတွေဖျက်ဆီးနေကြတယ်
ကြာက်ပြီးမငိုပါနဲ့တော့ညီမလေး
စစ်သေနတ်သံဗုံးကွဲသံတွေကြားမှာ
အနာဂတ်ပျောက်နေတဲ့ကလေးတွေနဲ့သာရင်
ကလေးကြားရတဲ့ဗျောက်အသံက
ချို သာလွန်းလှပါတယ်ကလေးရယ်
ကြာက်ပြီးမငိုပါနဲ့တော့ညီမလေး
ဆက်သွားရမည့်လမ်းကိုသာမှန်မှန်လျှောက်လိုက်ပါ
ခြေချော်မိလို့လဲခဲ့ရင်
ပြန်ထပြီးဆက်လျှောက်လိုက်ပါ
စစ်ပွဲတွေကြားမှာနစ်မွန်းနေတဲ့ကလေးအတွက်
ညီမလေးကကြိုးစားရအုံးမယ်
အနာဂတ်မသေချာသေးတဲ့ကလေးတွေအတွက်
အလင်းရောင်တွေဖွင့်ပေးရအုံးမယ်
အကျိုးမရှိဗျောက်အသံတွေကြားတိုင်း
ကြောက်ပြီးမငိုပါနဲ့တော့ညီမလေး။ ။
ဇွဲမာန်(အင်းဝ)
16.10.2016
No comments:
Post a Comment