“မာန နှင့် အပြိုင်”
“မာန နှင့် အပြိုင်” ...................................... . ရေးစပ်ဖို့စကားလုံးတွေရှာနေပေမယ့် ငိုခဲ့တဲ့နှလုံးသားက တောက် တွေခေါက်နေပြီ မာနတရားကိုခဝါချမယ်လို့ပြောလိုက်မိလို့ပေါ့ ကြီးမားတဲ့ပေးဆပ်မှုတွေရင်းခဲ့ရပြီး လွယ်လွယ်နဲ့မျက်ရည်စတွေထုတ်ပစ်မလို့လား ရှုံးတယ် နိုင်တယ်ဆိုတဲ့ပွဲမှာ အချိန်ကဒိုင်လူကြီးအဖြစ်ပါဝင်လိမ့်မယ် မင်းနိုင်ဖို့လိုသလို သူလည်းနိုင်ဖို့လိုတယ် ဒါဆိုသရေပွဲပေါ့……….. ဒီလိုဖြစ်လို့ရရိုးလား တကယ်တော့………… သူလည်းမနိုင်သလို ငါလည်းမနိုင်ခဲ့ဘူး ဒိုင်ရဲ့ဆုံးဖြတ်ချက်ကတော့အံ့မခန်းပါပဲ သရေပွဲလုပ်ဖြစ်ဖို့ကလည်းမဖြစ်နိုင်ဘူးတဲ့ ဒါဆိုဘယ်သူများနိုင်ခဲ့သလဲ သူလား………… ငါလား……………….မဟုတ်ဘူး မင်းလား………….ဒါလည်းမဖြစ်နိုင်ဘူး ဒါဆိုဘယ်သူလဲ……………… တို့နှစ်ယောက်ကြားကဆုပ်ကိုင်ထားတဲ့ “မာန” တဲ့…………..။