Posts

Showing posts from March 10, 2013

ခွင့်

ခွင့် ............ ခခယယနဲ့ ဟိုဝင်ဆွဲ ဒီဝင်ဆွဲ နောက်ဆုံး...... ဆန့် ငင် ဆန့် ငင်ဖြစ်တော့မှ လက်ဖြန့်တောင်းပြီးယူနေတာကို “ခွင့်” တဲ့လား..။

ခေါင်းစဉ် တပ်ခွင့်မရှိသောမျက်ရည်

ခေါင်းစဉ် တပ်ခွင့်မရှိသောမျက်ရည် ........................................... ငါမကြားချင်ဘူး ဒီသတင်း ငါမသိချင်ဘူး ဒီသတင်း ငါ မမြင်ချင်ဘူး ဒီမြင်ကွင်း ဒါပေမယ့်......... ငါ မလွန်ဆန်နိုင်ဘူး သူ လျှောက်သွားခဲ့လမ်း သူ ဖောက်သွားခဲ့လမ်း သူ ချပြသွားခဲ့တဲ့ ပုံရိပ်တွေ ငါ လုပ်နိုင်ပါ့မလား သူ့ ပြောခဲ့တဲ့စကားတစ်ခွန်းလို ငါ ပြန်ရနိုင်ပါ့မလား အရာရာ ရှေ့ဆုံးကာမားမားမတ်မတ် သမာဓိရှိရှိ ရက်တည်ခဲ့တဲ့သူ ငါ ရှာတွေ့ နိုင်ပါအုံးမလား မလွန်ဆန်နိုင်တဲ့ သင်္ခါရတရားက ငါ့ကို သရော်ခဲ့ပြီပေါ့ နွေရူး လေရူး နွေရာသီမှာ သွေးရှုးသွေးတန်းနဲ့ငါဖြတ်လျှောက်ခဲ့ရပြီ သူ့ရဲ့ ပုံရိပ်တွေက ငါ့နှလုံးသားမှာ ကျောက်သံပမာ မာကျောနေခဲ့ အရည်မပျော်မျက်ရည်စက်တွေက သူ့အတွက် အလွမ်းမျက်ရည်တွေ ငါ ကျဆင်းခဲ့ရပြီ မဖြစ်ချင်သော အာသာဆန္ဒကို မဖြစ်ခင်က အကြီမ်ကြီမ်တောင်းဆိုခဲ့ပေမယ့် ငါ အလိုဆန္ဒမပြည့်ဝခဲ့ဘူး ပူလောင်တဲ့ မီးတောက်တွေ ငါ့ရင်မှာပြည့်ကျက်နေခဲ့ ငါ့ကိုနားလည်ပေးပါ ငါ.......ငါ.........ငါဟာ အတ္တသမားလို့ပြောမယ်ဆိုရင်လည်း ပြောလိုက်ပါစေတော့ အစားယူခွင့်မရတဲ့ဆုံးရှုံးမှုကို ရင်နာနာနှင့်ဆုံးရှုံးလို...