Posts

Showing posts from November 18, 2012

“မေ့လို့မရတဲ့နေ့ရက်”

“မေ့လို့မရတဲ့နေ့ရက်” ………………………… ပြာလဲ့ခြင်းကောင်းကင်အောက်မှာ ဖြူစင်တဲ့မေတ္တာရေတွေက နီနီရဲရဲသားတစ် တစ်ခုကို အားအင်သစ်တွေမွေးဖွားပေးနေရဲ…။ သိုသိပ်စွာထားခြင်းခံရတဲ့ နီရဲသောသွေးရေစက်တွေက သားသမီးဆိုတဲ့ဇောတစ်ခုကြောင့် အဖြူရောင်ဘက်သို့ပြောင်းလဲခြင်းခံရပြီ…။ လပြည့်ညဆိုတဲ့အလင်းရောင်ဖြန့်ချ က်မှုက လောကကြီးရဲ့ရုပ်ဝတ္ထုကိုပြသနိုင် ခဲ့ပေမဲ့ ရုပ်ဝတ္ထုကိုမြင်နိုင်တဲ့စွမ်း အင် မပြသနိုင်ခဲ့ဘူး၊ ဒါပေမဲ့………….အမေကပြသခဲ့တယ်…။ ပြည့်စုံခြင်းဆိုသောအတိုင်းတာ တစ်ခုမှာ ဂုဏ်ပကာသနကိုစွဲချက်တင်လိုက်တာ ကိုက နွေးထွေးတဲ့အမေ့မေတ္တာကိုဆုံးရှုံးစေခဲ့တယ်၊ သို့ပေမဲ့…………အမေကမပစ်ပယ်ခဲ့ဘူး ….။ အမေဆိုတဲ့နာမ်စားတစ်ခုက ဘဝတစ်ခုနိဂုံးမချုပ်သေးခင် ဖြစ်ပေါ်လာမည့်ပုဂ္ဂိုလ်မြတ်တဦး အရာရာကိုသားသမီးတွေရဲ့ရှေ့က မားမားမတ်မတ်ရပ်တည်မည့်သူ၊ အဲဒါ………အမေပဲ…….။ မေတ္တာတစ်ခုက……… ဘဝတစ်ခုကိုနွေးထွေးစေတယ် အားအင်သစ်တွေမွေးဖွားစေခဲ့တယ်ဆိုရင် အဲဒီမေတ္တာဟာ……. ဖြူစင်တဲ့အမေ့ရဲ့မေတ္တာဖြစ်လိမ့် မယ်…….။ နေ့ရက်တစ်ခုရဲ့နံနက်ခင်းမှာ မေ့လို့မရတဲ့နေ့ရက်တွေ ကိုယ်တိုင်ရေးဆွဲခဲ့မယ်ဆိုရင် အမေ့မေတ္တာကိုခံယူနေတဲ့နေ...

“ကျေးဇူးပါဖေဖေ”

Image
“ကျေးဇူးပါဖေဖေ” ***************** ဖေဖေ……….. မေမေ့ရင်တွင်း သားသက်ဆင်းစဉ် ဖြစ်စဉ်ခဏ ဖြစ်ကြရဝယ် ဆန္ဒတွယ်၍ စိတ်တွင်ချင်ခြင်း ဖြစ်တုံလျဉ်းသော် စိတ်မပျော်သည် ကြီးစွာဒုက္ခ ရောက်ကြရ ရာ ထိုအခါသည် လိုအင်ဆန္ဒ ဖွင့်ပြောပြဖို့ ခြောက်ခါတလှည့် ချော့ကာတဖုံ နည်းမျိုးစုံကို ဖေဖေသုံးကာ မေးလေရှာ၏ သြော်………..ဖေဖေ ဖေဖေ့လက်ရုံး ဆေးအပ်သုံးကာ ဖောက်ထွင်းထုတ်ခြောက် သွေးစဉ်သောက်ဖို့ စိတ်တွင်ချင်ခြင်း ဖြစ်ရခြင်း ဟု ထုတ်ဖော်ရင်တွင်း ဖြစ်တုံလျဉ်းဝယ် ညိုးငယ်မျက်နှာ မရှိရှာဘဲ လိုအင်ဆန္ဒဖြည့်ဆည်းရဖို့ လက်ရုံးကိုဖောက် သွေးစဉ်ပေါက်ကို တိုက်ကျွေးခဲ့တာ ကျေးဇူးပါဖေဖေ……..။ ဖေဖေ………… နန်းတွင်းပညာရှိ ဟောကိန်းသိ၍ ကိုယ်ဝန်ဖယ်ရာ ထိုအခါဝယ် ငါ့ကိုသာသတ် ကိုယ်ဝန်မဖျက်နှင့် သား၏မျက်နှာ မြင်တွေ့ရာ ဟု တောင်းပန်လျှိလျှိုး စောင့်ရှောက်မျိုးသည် ကျေးဇူးပါဖေဖေ…………..။ ဖေဖေ…………. ဖွားမြောက်၍လာ ဖြစ်နေရာဝယ် ဝါဂွမ်းဆီထိ ဖေ့ ပီတိက သား၌လွမ်းခြုံ ရင်တွင်းစုံသည် ခြုံငုံကာပေး သားရှေ့...

မီးစာကုန်ခဲ့တဲ့ည

မီးစာကုန်ခဲ့တဲ့ည ………………… ဝုန်းဒိုင်းကြဲနေတဲ့မိုးကလဲ ဘာအကြောင်းပြချက်နဲ့ရွာခဲ့သလဲမသိ သူ့အလိုလိုပေါ်ပေါက်လာခဲ့တဲ့အတွေးက ကဗျာတစ်ပုဒ်ကိုမွေးဖွားပေးခဲ့တယ် ဟိုရောက်လိုက်ဒီရောက်လိုက် မရေမရာအတွေးတွေကိုလိုက်ဖမ်းရင်း အတွေးသစ်တွေစာစီခဲ့မိပြီပေါ့…။ တကယ်ဆိုရင်………….ဒီလိုမဟုတ်ဘူး ရှည်ရှည်ဝေးဝေးပြေးနေတဲ့ အတွေးကအုပ်စိုးသွားလို့လေ မနေ့တနေ့ကမှရှိသေးတဲ့ ကန်ဘောင်ရိုးပေါ်ကဆီမီးခွက်ကလေး ယိမ်းနွဲ့ကာပျော်လို့ ကလို့ လှလို့ ပလို့ ဖြစ်ပျက်တွေကမြန်ဆန်လှပါဘိနဲ့ ယုံတောင်မယုံမိဘူး ခုတော့ သူမဟုတ်သလိုပဲ ငြိမ်းသက်မှုရဲ့ဒီဂရီလေးက    ”ဘဝ”တဲ့ ဘယ်သိလိုက်မလဲဒီလိုဖြစ်မယ်ဆိုတာ သြော်………ခုတော့…… ပူလောင်မှုသောကမျက်ရည်စက်တွေနဲ့ မင်းမိသားစုလေးပူလောင်စေခဲ့မိပြီ ငါ့မိသားစုလေးပူလောင်နေခဲ့မိပြီ ဖြစ်နိုင်မယ်ဆိုရင်………….. ကုန်ဆုံးသွားတဲ့မီးစာလေးဖြည့်ဆည်းပေးချင်ပါသေးတယ် ခုတော့………..မထင်မှတ်ပဲ မီးစာလေးကုန်ဆုံးသွားခဲ့ပြီပေါ့……။      ။

အွန်လိုင်းဇာတ်

အွန်လိုင်းဇာတ် .............................. တိတ်ဆိတ်တဲ့ညလေးတစ်ည ဖြူစင်ခြင်းရဲ့အတိတ်ကိုဖော်ဆောင်မှု ရိုးသားမှုတွေကရှေ့တန်းတင် သံယောဇဉ်တံတားတွေခင်းလို့ပေါ့ နင်းလျှောက်သူလည်းချော်မကျ သဘာဝအနူရွလေးတွေနဲ့ကိုယ်စီကိုယ်စီ ဟန်ချက်ညီညီထိန်းမယ်ဆိုရင်... အပီပြင်သရုပ်မှန်ဟုတ်မှန်ကာယုံစား အလိမ်ညာစကားတွေကနေရာလု ပြောသမျှတော့ခုတဲ့...... သြော်.....အွန်းလိုင်းဇာတ် ပြောစမက်တွင်တဲ့ဒီစကား ငါ့ရင်မှာမကြားရပါစေနဲ့လားကွယ်......။ ။

``ဆီမီးရောင်ဖြာသီတင်းကျွတ်ချိန်ခါ ´´

Image
``ဆီမီးရောင်ဖြာသီတင်းကျွတ်ချိန်ခါ ´´ သြော်……..ဘာလိုလိုနဲ့ သီတင်းတောင်ကျွတ်ပါပြီကော…အချိ န်ဟာဘာမှမဟုတ်သလို ဟိုဘက် လှည့် ဒီဘက်လှည့်နဲ့ သီတင်းတောင်ကျွတ်ပြီ။ သီတင်းကျွတ်ပြီဆိုရင်ဖြင့် ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဓလေ့ထုံးတမ်းစဉ်လာအနေဖြင့် တာဝတိံသာနတ်ပြည်မှာ လူ့ပြည်မှာနေတုန်းက အမိဖြစ်ဖူးသော သန္တုဿိတနတ်သား အမှူးပြုသောနတ်အပေါင်းတို့ကို အဘိဓမ္မာတရား ဟောကြားတော်မူသော မြတ်ဗုဒ္ဓအား ပူဇော်သက္ကာရပြုကြသည်။ မြတ်ဗုဒ္ဓဟာ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ် သားကို(အမိကိုကျေးဇူးဆပ်ခြင်း အကျိုးငှာ) အဘိဓမ္မာတရားဝါတွင်းသုံးလပတ်လုံး နေ့စဉ် နတ်ပြည်မှာ ဟောကြားတော်မူသည်။ နတ်ပြည်မှာ ဟောရခြင်းအကြောင်းကား အဘိဓမ္မာတရား က သိမ်မွေ့နက်နဲသောကြောင့် လူပြည်မှာ ဟောလျှင် တရားရဲ့အဓိပ္ပာယ် သိမ်မွေ့နက်နဲစွာမသိ နိုင်သောကြောင့် နတ်ပြည်မှာ အကျယ်ဟောကြားတော်မူကာ လူ့ပြည်သို့ ဆွမ်းခံကြွချိန်သာ ကြွတော်မူသည်။ ထိုဆွမ်းခံကြွချိန်၌ နတ်ပြည်မှာ နိမ္မိတမြတ်ဗုဒ္ဓကိုယ်ပွားတစ်ဆူထားရစ်ခဲ့ကာ လူ့ပြည်သို့ ဆွမ်းခံကြွတော်မူသည်။ နတ်ပြည်မှာဟောခဲ့သော အဘိဓမ္မာတရားတော်ကို အရှင်သာရိပုတ္တရာ မထေရ်ကို အကျဉ်းအားဖြင့် ပြန်လည်ဟောကြာ...

တိုးတိုးလေးပါပဲ

တိုးတိုးလေးပါပဲ …………………. ငါမညာရက်ဘူး………….. ငါမညာချင်ဘူး…………… ရင်ထဲကခံစားချက်တွေကို အသိမှတ်တစ်ခုအနေနဲ့ပြောပြဖို့ ခံစားတက်သူကိုရှာနေခဲ့မိတယ် ခံစားမဲ့သူကိုညာနေခဲ့မိတယ် ရင်တွင်းကခံစားချက်ကတော့ မြည်နေခဲ့မိပြီ…………….. ဒါပေမယ်………တိုးတိုးလေးပါပဲ….။ လမင်းကိုငေးမောဖို့ကောင်းကင်ကိုကြည့်မိခဲ့ပြီ ကြယ်ကလေးကငိုနေလို့ပေါ့ သြော်…………ဟုတ်တယ် သူငိုနေတယ် ငါလည်းငိုနေတယ် ဝေးကွာမှုတွေကအစပြုခဲ့တာလေ ရင်ခုန်သံတွေကခုန်နေတုန်း ဒါပေမယ့်……..တိုးတိုးလေးပါပဲ….။ စင်မြင့်ပေါ်ကအဆိုတော်သစ်က သံစဉ်တွေကိုသီကုံးနေခဲ့ပြီး သဘာဝတရားကြီးထဲရောက်နေတဲ့ ကဗျာဆရာလေးက အလှပကိုရှာနေပြီး စကားလုံးတွေသီကုံးနေခဲ့ပြီ ကန်ဘောင်မှာရောက်နေတဲ့ချစ်သူစုံတွဲက စကားတွေဖောင်ဖွဲ့လို့ပေါ့………… ငါလည်းပြောလိုက်မိခဲ့တယ် ချစ်ဆုံးသူရဲ့ရင်တွင်းဆီသို့ ငါ့နှလုံးသားလေးရဲ့တောင်းဆိုချက်အရ `ငါ…..မင်းကိုချစ်တယ်`ဆိုတဲ့စကားလုံးလေး ငါ့ရင်တွင်းကပြောလိုက်မိပြီပေါ့…….. ဒါပေမယ့်……….တိုးတိုးလေးပါပဲ……..။ ။

ငလျင်လှုပ်ခြင်းအကြောင်း

ငလျင်လှုပ်ခြင်းအကြောင်း လှုပ်ပြန်ပြီဟေ့...လှုပ်ပြန်ပြီး......... လက်တွေရောခံစားလိုက်ရပြီဆိုတော့ ကောလာဟာလကြားရင်ဆိုပဲ နဲနဲကြောက်လာပြီ၊ ဒါကမဆန်းပါဘူး ပုထုဇဉ်လူသားဆိုတော့အကြောက်တရားကမကင်းသေးဘူးလေ၊ ခုလိုမထင်မှတ်ပဲဖြစ်သွားတက်တဲ့သဘာဝဘေးဆိုတော့လည်းဘာမှမတက်နိုင်ပါ၊ ဒါပေမယ့် သိကြတဲ့အတိုင်း ပုထုဇဉ်လူသားပီပီ အထူးဆန်းဖြစ်နေတော့ ကြောက်လည်းကြောက်ညဥ့်လေးကလည်းစပ်စူချင်ဆိုတော့ ငလျင်လှုပ်ပြီဆိုကတည်းက လိုင်းပေါ်ချည်းတက်နေခဲ့တာ ဘယ်ချိန်မှာငလျင်လှုပ်အုံးမှာလဲ၊ ဘာကြောင့်ငလျင်လှုပ်တာလဲဆိုတာလိုက်ရှာနေတာသတင်းတွေကအစုံဆိုပါပဲ၊ သို့ပေမယ့်... ကိုယ်ကပဲမရှာတက်လားမသိဘူး၊ ဘာကြောင့်ငလျင်လှုပ်တာလဲဆိုတာမတွေ့မိဘူး၊ ငလျင်လှုပ်ရခြင်းအကြောင်းလည်းမသိဘူးလေ၊ဒါနဲ့ဘဲစူးစမ်းချင်သည့်ညဥ့်အတိုင်း ဟိုရှာသည်ရှာနဲ့လိုက်ရှာနေမိတာဖြစ်ချင်တော့အရင်တခါကငလျင်လှုပ်တုန်းကမှတ်သားထားသည့် အကြောင်းအရာလေးတွေကိုယ့်စာအုပ်ထဲမှာတွေ့ရတော့ဝမ်းသာလို့မဆုံးပေါ့၊ ဒါနဲ့ကိုယ့်လိုသိချင်သည့်စာဖတ်ပရိသတ်လည်းရှိမှာပဲဆိုပြီးသိထားတဲ့ ငလျင်လှုပ်ခြင်းအကြောင်းလေးကိုမျှဝေလိုက်သည်........။ မြေလှုပ်ခြင်း (၃)မျိုး …………………………. (၁) သံကမ္ပိ=သက်၍ သက်၍ တုန်လှုပ်၏၊ (၂) သမ္ပကမ္ပိ...

“အလွမ်းည’’ ရဲ့ကုန်ဆုံးချိန်

“အလွမ်းည’’ ရဲ့ကုန်ဆုံးချိန် ……………………………… ပုထုဇဉ်လူသားမှန်ရင်သံယောဇဉ်ကြီးတတ်စမြဲဟူသောအဆိုသည်ငြင်းဆိုဖို့ရန်အလွန်ခက်သောစကား ပင်ဖြစ်သည်။ မိမိနှင့်နီးစပ်ရာပတ်ဝန်းကျင်ေ တွမှာသံယောဇဉ်ရှိကြစမြဲပင်။ ကိုယ်တွယ်တာစရာ၊မက်မောစရာတွေကို တွေးတောပြီးသံယောဇဉ်တွယ်တာနေခဲ့ သည်။ လွမ်းဆွေးခြင်း၊အောက်မေ့ခြင်းေ တွဟာပုထုဇဉ်လူသားတွေရဲ့ သာယာမှုဖျော်ဖြေရာစံရိပ်တစ်ခြု ဖစ်ခဲ့ပေသည်။ နေ့စဉ်လုပ်နေကြသွားလာခဲ့သမျှတွေ ကိုအေးငြိမ်းသာယာတဲ့နေရာလေးတွေ မှာ လွမ်းဆွတ်ဖွယ်တွေးတောအောက်မြေ့ ခင်းဟာပျော်စရာအလွန်ကောင်းလှေ ပသည်။ ယ္ခုလည်းကျွန်ုပ်တို့မမေ့နိုင်ဖွ ယ်ရာ ည လေးတစ်ညမွေးဖွားလာခဲ့ပေသည်။ လူတိုင်းလူတိုင်းမှာသူ့ဘဝလေးသူ မေ့ပျောက်ဖို့မလွယ်ကူသောအတိတ်ရဲ့ အကြောင်းအရာလေးတွေ ရှိနေခဲ့သည်မဟုတ်ပါလား။ ကျွန်ုပ်တို့ရဲ့”အလွမ်းည” ကလေးမှာတော့ထိန်းလင်းတဲ့လမင်ြး ကီးအောက်မှာပျော်ရွှင်ဖွယ်ကစားဖွ ယ်ကိုယ်စီဖြင့်ဆော့ကစားနေ တဲ့ကလေးသူငယ်တစ်သိုက်ပြေလွှားဆော့ ကစားနေလေရဲ……….. “ညောင်ပင်တစ္ဆေ ဝေလေလေ နင်ဘယ်ကိုင်းမှာနေ.. ညောင်ကိုင်းမှာနေ..။ နင်ဘာသီးစား… ညောင်သီးစား….။ န...

“သင်္ခါရဲ့ပြယုဂ်တစ်ခု”

“သင်္ခါရဲ့ပြယုဂ်တစ်ခု” .................................. သင်္ခါရဆိုတဲ့အတိုင်းမတည်မြဲခြင်းဖော်ဆောင်မှုတွေနဲ့ ဘဝရဲ့စာမျက်နှာတွေမှာရေးဆွဲကြရ၏။ ထိုသို့ရေးဆွဲကြသူများထဲမှာကျွန်ုပ်တို့မိသားစုလေးပါဝင်ခဲ့သည်။ တနေ့မှာတော့နေလုံးကြီးရဲ့မတည်မြဲခြင်းဖော်ဆောင်မှုညနေလေးတစ်ခုမှာ အဖေက”သားရေ….. မြေအိုးတွေပြင်ဟေ့ အဖေထန်းလှီးသွားတော့မယ်ကွ” လို့ပြောသည်။ ကျွန်တော့်တို့မိသားစုလည်းအဖေပြောလိုက်တဲ့တခဏမှာ အမေက အဖေအတွက်ရေးဗူးထည့်သည်၊ အမကထမင်းချိုင့်ထည့်၊ ညီလေးကမြေအိုးတွေကိုကြိုးလိုက်တပ်၊ ကျွန်တော်ကကြိုးတပ်ပြီးသားမြေအိုးထဲကိုထုံးရေလိုက်ထည့်ကာ မိသားစုလေးပျော်ရွှင်ခဲ့သည်။ သင်္ခါရရဲ့ပြယုဂ်ဆိုသည့်အတိုင်းယနေ့ဖြစ်ပေါ်သမျှသည်နောက်နေ့ရဲ့သင်္ခါရရဲ့ပြယုဂ်ဖြစ်ခဲ့သည်။ ရက်တွေ,လတွေ, သားသမီးတွေနဲ့ပျော်ပျော်ရွှင်ရွှင်တနယ်တကျေးမှာနေခဲ့ကြသည်။ သာယာတဲ့အိမ်ထောင်မှုအောက်မှာမေ့မျှောမိကြရင်း ငယ်ငယ်ကကျင်လည်ခဲ့တဲ့မိဘရှိရာနယ်မြေ လေးကိုမေ့လျှောနေခဲ့သည်။ လူဆိုတာခလုပ်ထိမှ အမိတ ဆိုသလိုအရင်ကသာယာလှပါတယ်ဆိုတဲ့ကျွန်ုပ်တို့ရဲ့အိမ်ထောင်ရေး ကံကြမ္မာရဲ့တိုက်စားမှုကြောင့်ယိန်းယိုင်လာ...

“ယောင်ခြောက်ဆယ်ကျွန်တော်နှင့်ဝိပဿနာ”

“ယောင်ခြောက်ဆယ်ကျွန်တော်နှင့်ဝိပဿနာ” ……………………………………………………….. ကျွန်တော်လူလက်ပိုင်းရောက်ပြီဆိုလျှင်ဖြင့်ဘာသာရေးကိုစိတ်ဝင်စားလာခဲ့သည်။ ဘာသာတရား၏လေးနက်မှု့ကိုသိရှိခဲ့ရသည်။ ဘာသာတရားဟာကျွန်တော်၏အစိတ်ပိုင်းတစ်ခုအနေဖြင့်လေ့လာ လိုက်စားမှုတွေလုပ်နေရင်းအချိန် တွေကုန်ဆုံးစေခဲ့သည်။ ဒါပေမဲ့ဘာသာတရားရဲ့နက်နဲမှု့ကိုမရရှိခဲ့သေးပေ။ ဘာသာတရားဟာနူးညံ့သိမ်မွေ့တဲ့အရာဖြစ်လင့်ကစားဘာသာတရားကိုလေ့လာလိုက်စားရင်း ကျွန်တော့်ကိုကျွန်တော်မာယာသာဌေယျတစ်ခုအဖြစ်လှည့်စားမိခဲ့သည်။  မိမိကိုယ့်ကိုမိမိလှည့်စားနေမှန်းမသိရှိခဲ့ပေ။ အချိန်တွေကြသည်နှင့်အမျှကျွန်တော့်ကိုကျွန်တော် သတိထားမိစပြုခဲ့ပြီပေါ့။ ကျွန်တော်လုပ်နေသောလုပ်ငန်းသည်မှန်ကန်မှုရောရှိရဲ့လား ဘာသာတရားကကျွန်တော့်ဘဝကိုပြောင်းလဲစေမှာလားဆိုတာတွေတွေးတောပြီးဘာမှမဆိုင်တဲ့ ဘာသာတရားကိုသံသယဝင်ခဲ့မိသည်။ အမှန်တကယ်တော့ကျွန်တော်ကဘာသာတရားကိုသာယာမှုတစ်ခုအဖြစ် မှတ်ယူကာဘာသာတရားရဲ့ နောက်သို့ကောက်ကောက်ပါအောင်လိုက်နေခဲ့သည်။ ဒီချိန်ကစပြီးကျွန်တော်လုပ်ရပ်တွေကကျောခြင်း ကပ်နေတဲ့သုံးဂဏန်းနှင့်လေးဂဏန်းပါပဲ။...

အာဇာနည်နေ့ဒို့မမေ့

အာဇာနည်နေ့ဒို့မမေ့ …………………………. အာဇာနည်စိတ်ဓာတ် အာဇာနည်ရဲ့သွေး အာဇာနည်ရဲ့သတ္တိတွေရဲ့ဖော်ဆောင်မှု သမိုင်းရဲ့စာမျက်နှာတွေမှာ နီရဲနေတဲ့သွေးစက်တွေ စိုရွဲနေတဲ့ချွေးစက်တွေ ရောပြွမ်းလို့နေခဲ့ပြီ…..။ သမိုင်းကနေတကျော့ပြန် နီရဲနေတဲ့သွေးစက် စိုရွဲနေတဲ့ချွေးစက် ငါကိုယ်တိုင်ချေဖျက်ရမှာလား မင်းရောချေဖျက်မှာတဲ့လား ဘယ်သူဖျက်ဖျက်ငါမဖျက် ဘယ်သူဖျက်ဖျက်ငါမဖျက် ဘယ်သူဖျက်ဖျက်ငါမဖျက် သမိုင်းတစ်ခေတ်ရဲ့အာဇာနည် ပုံဖော်မည်…….. ဂုဏ်ဆောင်မည် ဒို့တိုင်းပြည်ရဲ့အာဇာနည် ဒို့တိုင်းပြည်ရဲ့အာဇာနည် ဘယ်ပုံဘယ်နည်းဖြင့်ငါမမေ့ပြီ……။ ဇွဲမာန်(အင်းဝ)

တာ့တာနော်…………….

တာ့တာနော်……………. ……………………………….. အချစ်တစ်ခုကိုယုံစားပြီး ရင်ခွင်တစ်ခုကိုအပ်နှင်းခဲ့မိတယ်။ တခဏတာပျော်ရွှင်မှုကိုခံစားမိပြီး မိုက်မှု့တွေကိုလက်ခံမိခဲ့တယ်……။ တကယ်ဆိုရင်…ငါသိခဲ့သင့်တယ် လိမ်ညာမှုတွေဖုံးလွှမ်းထားတဲ့အချစ်တစ်ခုဆိုတာ မာယာရဲ့လှည့်စားမှုတွေအောက်ငါ့ရောက်နေခဲ့ရပြီ။ ခုတော့………….. ငါဖြတ်သန်းရမည့်မနက်ဖန်အတွက်နင့်ဟာ ဆူးတစ်ချောင်းဖြစ်ခဲ့ရပြီပေါ့….။ ဆော်ရီးပါ…………………… အယုံလွယ်မိတဲ့ငါ့အမှားအတွက် ဆူးတစ်ချောင်းပေါ်ဖြတ်လျှောက်ရမယ်ဆိုရင် နောက်ပြန်လှည့်ဖို့ငါစိတ်ကူးမရှိတော့ဘူး ငါနင်နဲ့ဝေးရာကိုထွက်သွားပါရစေ ငါ့ဘဝလေးမာယာများတဲ့အချစ်ကို ယုံစားမိသွားမှာစိုးရိမ်လို့……..။

အမေဟာအမေပါပဲ

အမေဟာအမေပါပဲ ရုပ်စဉ်သာမချောပေမဲ့ အဟုတ်ထင်သာပြောရရင်ဖြင့် ဈေသည်အမေလည်းအမေ ဆင်းရဲလည်းအမေ ချမ်းသာလည်းအမေ အမေဟာအမေပါပဲ သေရွာကွယ်မကူးသေးရင်ဖြင့် ကျေးဇူးရယ်ဆက်ထိုက်သာစွ မျာလှတဲ့ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်နေမိဘများ ကြည့်ရယ်သာမနေလိုက်ပါနှင့် လုပ်ကျွေးဖွယ်ရာသတိရပါအုံး ပျားပိတုန်းလိုမောင်နှမတစ်စု အားပြုလို့ပြောလိုက်ပါသည် များမဟီသောင်းသောပျ ကြွေးကျော်လိုက်တယ်ခင်ဗျာ့...။

ဓမ္မ အလင်းရောင်

ဓမ္မ အလင်းရောင် ....................................... နေကြည်ဖြာနှင်း နံနက်ခင်းဝယ် မိမိ ရုပ် နာမ် ကိုယ်ပိုင်ဥာဏ်ဖြင့် သေချာစီစစ် ထုတ်ဖော်လျစ်ဖို့ ဓမ္မ အလင်းရောင် ထွန်းလင်းဆောင်အံ့..။ လောကအလယ် အမှောင်ကွယ်၍ လျှောက်ကာစမ်းတမ်း အမှောင်လမ်းဖြင့် လျှောက်လှမ်းနေသူ ထိုသ သူကို အမှောင်ဖြိုခွင်း အလင်းပေးဖို့ ဓမ္မ အလင်းရောင် ထွန်းလင်းဆောင်အံ့..။ လုံးစုံများစွာ သတ္တဝါအား လောဘ ဒေါသ မာန် မောဟနှင့် ရာဂ အမှိုက် ရှင်းစေထိုက်ဖို့ ဓမ္မ အလင်းရောင် ထွန်းလင်းဆောင်အံ့..။ ချစ်သောမိတ်ဆွေ ချစ်မိတ်ဆွေ စာပေက-ရ သိဉာဏ်မျှဖြင့် သင်၏ဘဝ ကျွန်ုပ်ဘဝအား ဓမ္မ အလင်းရောင် ထွန်းလင်းဆောင်အံ့..။

လောကကြီးကတို့ဆရာ

လောကကြီးကတို့ဆရာ .................................... မိမိဘဝ တရားရဖို့ ဝန်းကျင်းဒေသ တရားပြသည် လောကကြီးကတို့ဆရာတဲ့...။ မိမိဘ ပညာရဖို့ ဝန်းကျင်ဒေသ သင်ကြားပြသည် လောကကြီးကတို့ဆရာတဲ့...။ မိမိဘဝ သိဉာဏ်ကြွဖို့ ဝန်းကျင်ဒေသ လမ်းညွန်ပြသည် လောကကြီးကတို့ဆရာတဲ့...။ မိမိဘဝ လိမ္မာကြဖို့ ဝန်းကျင်ဒေသ ဆုံးမပြသည် လောကကြီးကတို့ဆရာတဲ့...။ နေ့စဉ်တွေ့ကြုံ ဤလူ့ဘုံဝယ် သတိယှဉ်မှု ဉာဏ်လည်းကူ၍ အမောင်လူသား သင်ကြိုးစားလော့....။

အပျော်ဆုံးနေ့

အပျော်ဆုံးနေ့ ............................... ချစ်သူ...... ချစ် ပါတယ်`ဆိုသော စကားတစ်ခွန်းက တို့နှစ်ယောက်ပျော်ရွှင်စေမှာလား ချစ်သူ..... သူ များတွေပြောတိုင်းယုံနေမယ်ဆိုရင် အစကအဖြေမပေးသင့်ဘူး ချစ်သူ....... များ ပြားတဲ့ရင်ခုန်သံတွေကို သံစဉ်တစ်ပုဒ်အဖြစ်ညှိနေရပေမဲ့ ငါကိုတိုင်ကဆိုနေခဲ့ပြီလေ ချစ်သူ...... နေ့ စဉ်နေ့တိုင်း သတိရပါတယ်`လို့မပြောလိုပေမဲ့ သတိရတိုင်းလွမ်းနေမိတာအမှန်ပါ ချစ်သူ....... အ မှတ်တရနေ့တွေမှာ   မှတ် မှတ်ရရစကားလေးတွေနဲ့              တ ညဉ့်ရဲ့ ကုန်ဆုံးမှုအောက်မှာ                         ရ တိုင်းပြောနေမယ်ဆိုရင်.......။                            ။

စက်တင်ဘာလဆုံဆည်းရာအကြိုက်ပို့စ်နှင့် ဆီမီးရောင်ဖြာသီတင်းကျွတ်ချိန်ခါဆောင်းပါးပြိုင်ပွဲ တတိယဆုရှင်ဇွဲမာန်(အင်းဝ)နှင့်အင်တာဗျူးခြင်း

Image
အားလုံးပဲ မင်္ဂလာပါဗျာ။ အပတ်စဉ်သောကြာနေ့တိုင်းတင်ဆက်နေကြဖြစ်တဲ့ ဆုံဆည်းရာ အင်တာဗျူးကဏ္ဍလေးမှ မန်ဘာများအားလုံးပြုံးပျော်စွာဘ၀အတွက် အများအတွက် ထွန်းပေါက်အောင်မြင်ကျော်ကြားပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှစ်ဖြာသုခနှင့်ရရှိပြည့်စုံကုန်လုံဥစ္စာ သိပညာများတိုးပွားကြပါစေလို့ ဆုံဆည်းရာမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဒီတစ်ပတ်အတွက် အလှည့်ကျလာ ဗျူစရာအဖြစ် ရောက်ရှိလာလာသူကတော့ စက်တင်ဘာလဆုံဆည်းရာအကြိုက်ပို့စ်နှင့် ဆီမီးရောင်ဖြာသီတင်းကျွတ်ချိန်ခါ ဆောင်းပါးပြိုင်ပွဲ တတိယဆုရှင် ဇွဲမာန်(အင်းဝ) ပဲဖြစ်ပါတယ်။ ကဲဇွဲမာန်အင်းဝနဲ့ဘာတွေမေးပြီး ဘယ်လိုဖြေထားတယ်ဆိုတာ အားလုံးပဲ ဖတ်ရှု့အားပေးကြပါဦး။ မင်္ဂလာပါညီ မင်္ဂလာပါ အကို ညီလေးရေးရဲ့နာမည်အရင်းကို သိပါရစေ။ ညီလေးရဲ့ နာမည်အရင်းက ထွန်းထွန်းမော် ပါ အကို ဇွဲမာန်(အင်းဝ)ဆိုတဲ့ကလောင်နာမည်လေးယူဖြစ်ခဲ့တဲ့အကြောင်းလေးပြောပြပါဦး။ ဇွဲမာန်(အင်းဝ) ဆိုတဲ့ကလောင်နာမည်လေးယူဖြစ်ခဲ့တဲ့အကြောင်းလေးက အရင်ဆုံးကိုယ့်ကိုယ်စိတ်ဓာတ်မြင့်တင်စေလိုတဲ့အတွက်ယူဖြစ်ခဲ့တာပါ၊ ဇွဲ-ဆိုတာ(ဝီရိယ) ဝီရိယ-ဆိုတာကြိုးစားအားထုတ်မှုလို့အဓိပ္ပါယ်လို့ဖြ...