တိုးတိုးလေးပါပဲ

တိုးတိုးလေးပါပဲ

………………….


ငါမညာရက်ဘူး…………..

ငါမညာချင်ဘူး……………

ရင်ထဲကခံစားချက်တွေကို

အသိမှတ်တစ်ခုအနေနဲ့ပြောပြဖို့

ခံစားတက်သူကိုရှာနေခဲ့မိတယ်

ခံစားမဲ့သူကိုညာနေခဲ့မိတယ်

ရင်တွင်းကခံစားချက်ကတော့

မြည်နေခဲ့မိပြီ……………..

ဒါပေမယ်………တိုးတိုးလေးပါပဲ….။



လမင်းကိုငေးမောဖို့ကောင်းကင်ကိုကြည့်မိခဲ့ပြီ

ကြယ်ကလေးကငိုနေလို့ပေါ့

သြော်…………ဟုတ်တယ်

သူငိုနေတယ်

ငါလည်းငိုနေတယ်

ဝေးကွာမှုတွေကအစပြုခဲ့တာလေ

ရင်ခုန်သံတွေကခုန်နေတုန်း

ဒါပေမယ့်……..တိုးတိုးလေးပါပဲ….။



စင်မြင့်ပေါ်ကအဆိုတော်သစ်က

သံစဉ်တွေကိုသီကုံးနေခဲ့ပြီး

သဘာဝတရားကြီးထဲရောက်နေတဲ့

ကဗျာဆရာလေးက အလှပကိုရှာနေပြီး

စကားလုံးတွေသီကုံးနေခဲ့ပြီ

ကန်ဘောင်မှာရောက်နေတဲ့ချစ်သူစုံတွဲက

စကားတွေဖောင်ဖွဲ့လို့ပေါ့…………

ငါလည်းပြောလိုက်မိခဲ့တယ်

ချစ်ဆုံးသူရဲ့ရင်တွင်းဆီသို့

ငါ့နှလုံးသားလေးရဲ့တောင်းဆိုချက်အရ

`ငါ…..မင်းကိုချစ်တယ်`ဆိုတဲ့စကားလုံးလေး

ငါ့ရင်တွင်းကပြောလိုက်မိပြီပေါ့……..

ဒါပေမယ့်……….တိုးတိုးလေးပါပဲ……..။ ။

Comments

Popular posts from this blog

ညီမလေးသတိထားပါနော်

ပျံသန်းသွားတဲ့ချိုးဖြူတစ်ကောင်ကိုလွမ်းဆွတ်ခြင်း

ခံယူခွင့်မရှိသော ဒီနေရာ