တောင်းပန်ပါတယ်.........လောကဓံရယ်
တောင်းပန်ပါတယ်……..လောကဓံရယ် …………………………………………….. လောကဓံဆိုတာ………… ငါ့အတွက်များဖြစ်နေမလားမသိ ရိုက်ခက်သည့်ဒဏ်ချက်က ရာထောင်မကပျင်းလွန်းနေတယ် ဖြစ်နိုင်မယ်ဆိုရင်………… သုညဒီဂရီမဟုတ်ရင်တောင်မှ နည်းပါးတဲ့ရိုက်ချက်လေးဖြစ်သင့် ပါ ခုတော့…………………. ကြေမွသွားတဲ့ငါ့ဘ၀လေး မင်း မြင်သွားမယ်ဆိုရင် လိမ့်ဆင်းလာမဲ့မျက်ရည်စက်တွေက မြစ်တစ်ခုဖန်ဆင်းသွားလိမ့်မယ် လောကဓံကကျေနပ်တယ်ဆိုရင် ဖြစ်ချင်တဲ့အတိုင်းတာမဟုတ်ရင်တောင် ဖြစ်သင့်တဲ့အတိုင်းတာလေး ကျွန်ုပ်ဆီပို့ပေးခဲ့ပါနော်….. တောင်းပန်ပါတယ်……လောကဓံရယ် ကျွန်ုပ်ပျော်ချင်လွန်းလို့ပါ…။