ကိုယ်တိုင်ရေး အမေ ကဗျာစုစည်းမှု
ဒီနေ့ ပြာသိုလပြည့်နေ့ အမေနေ့ဖြစ်သလို ကျွန်တော့် မွေးနေ့ ဖြစ်သောကြောင့် မွေးမေမေနှင့် အမေများအားလုံးကို ကျေးဇူးဆပ်သောအားဖြင့် ကျွန်တော်ရေးခဲ့သမျှ အမေ ကဗျာအချို့များကို စုစည်းပေးလိုက်ပါသည်။ တချို့ကဗျာများကို ရှာဖွေ၍ မရတော့ပါ။ အားလုံးမင်္ဂလာပါလို့ နုတ်ဆက်ပါရစေ..။ ဒီနေ့ဟာ အမေများနေ့ ဖြစ်သည့်အတွက် ကျွန်တော်ရေးသားသော အမေနှင့်ပတ်သက်သောကဗျာများကိုစုစည်းပြီး အမေများကိုဂုဏ်ပြုပါသည်..။ အမေ့မေတ္တာများကိုနားလည်ကြပြီး အမေ့ကျေးဇူးကိုဆပ်နိုင်ကြပါစေ..။ သွေး ………………. နီရဲတဲ့သွေးတစ်စက်က ဖြူစင်တဲ့မေတ္တာတစ်ခုကြောင့် အရောင်သွယ်တန်းတွေပြောင်းလဲခဲ့ပြီ……။ နီရဲတဲ့သွေးတစ်စက်က ကြီးမားတဲ့မေတ္တာရေကြောင့် အားအင်သစ်တွေမွေးဖွားခဲ့ပြီ…။ တစ်စက်ပဲသွေးရေဆိုပေမဲ့ ကြီးမားတဲ့တန်ဘိုး အားကြီးတဲ့မေတ္တာ…… နိုင်းဆလို့မရတဲ့”ဂုဏ်ကျေးဇူး” ရောထွေးပြီးစီးဆင်းလာတဲ့ အမေ့ရဲ့”သွေး”တစ်စက်က ငါတို့ကို………………. အားအင်သစ်တွေမွေးဖွားပေးခဲ့ပြီ…..။ ။ မိဘမေတ္တာ နိုးဆော်လွှာ ………………………….. ဇမ္ဗူတိုင်းမှာ ဂုဏ်နိုင်းပြလျှင် အမေ ဆိုတာ တုနိုင်းလို့ရမယ်မထင်ဘူး…..။ ကမ္ဘာ...