*ရွှေရည်လူးတဲ့ နွေတန်ခူး*
*ရွှေရည်လူးတဲ့ နွေတန်ခူး* ပူလောင်တဲ့နွေရဲ့ ပုံဖော်မှုက ပူလောင်စေခဲ့ပြီး။ ကြေကွဲသံရွက်ဟောင်းတို့ရဲ့ စီးချင်းသံတို့က လည်း ပူလောင်တဲ့နွေကိုသရုပ်ပြစေခဲ့ သည်။ ၀ါကြင်ကြင် သစ်ရွက်ကလေးတို့ရဲ့ ကြေကွဲသံတွေ အဖော်မဲ့ငှက်တို့ရဲ့ တေးချင်းဆိုသံတွေက လွမ်းမောဖွယ် လူငယ်တစ်ယောက်ကို ကဗျာဆန်ဆန်စာသားတွေရေးထွင်းစေခဲ့ သည်။ ထို့အတူခြောက်ကပ်ကပ်အပင်အိုကြီး ကလည်းအထီကျန်မှု့ကိုပီပြင်သရုပ်ြ ပစေခဲ့ပြန်ပြီ။ အရာအားလုံးဟာ နွေရဲ့ရိုက်ခတ် မှုဒဏ်ချက်တွေကြောင့် လွမ်းမောဖွယ်၊ ကြေကွဲဖွယ်ပုံရိပ်တွေထင်ဟက်လို့ လာခဲ့ရပြီ။ အဲဒီထဲမှာလဲ ကျွန်တော်က လူသားတစ်ယောက်အဖြစ်ပါဝင်ခွင့် ရသွားခဲ့ပြန်ပါပြီပကော…… “ဟာ….. ပိတောက်ပန်းတွေက တယ်လှနေပါလား၊ ညကရွာခဲ့တဲ့မိုးကြောင့်ထင်တယ်ကွ ” “အေး… ဟုတ်လိမ့်မယ်” မထင်မှတ်ဘဲမြင်ကွင်းမှာ တွေ့နေတဲ့ ပိတောက်ပင်ကိုကြည့်ပြီးပြောနေေ သာ “ထွန်းဇော်” ရဲ့စကားကို ထောက်ခံသည့်အနေနဲ့ ကျွန်တော်ဝင်ပြောလိုက်မိသည်။ “ငါဒီနားမှာနားခဲ့ အုံးမယ်ကွာ” “အေး…..မောရင်နားခဲံလေ ငါ မကြာခင်ပြန်လာခဲ့မယ်” နေ့စဉ်နေ့တိုင်း သူငယ်ချင်းနှစ်ယောက်လမ်းလျှောက် ထွက်နေကျဖြစ်ပေမဲ့ အမှတ်မထားလို့လားမသိ ထွန်းဇော် ပြောသလို ညကရြာခဲ့တဲ့မိုးေ...