လနှစ်ချောင်းငင် လူ

လနှစ်ချောင်းငင် လူ

မကျွမ်းကျင်သေးတဲ့ဝါကျတွေကို
တွေးတောကြည့်ရင်း
အသိဥာဏ်ရှိသတ္တဝါတို့ ရဲ့သဘောတရားတွေကို
ခက်ရေးရေးပေါ်လွင်စေနိုင်ခဲ့တယ်
တကယ်ဆိုရင်ကိုယ်ထင်ထားတာတွေက
တလွဲတခြားစီဖြစ်ခဲ့လေတော့
ဟုတ်မှဟုတ်ပါလေစလို့တောင်မှတ်ယူမိခဲ့
ကိုယ်ငယ်ငယ်ကကျင်လည်ခဲ့ရတဲ့ပတ်ဝန်းကျင်က
တည်ငြိမ်အေးချမ်းမှုတွေနဲ့အစပျိုးခဲ့ရလေတော့
အရှိတရားတွေကိုလက်မခံနိုင်ခဲ့ဘူး
မဖြစ်နိုင်ပါဘူး
မဟုတ်လောက်ပါဘူး
ဒီလောက်တော့မဆိုးလောက်ပါဘူး
လေထွားပြီးပြောနေကြတာနေမှာပါ
သာပေါင်းညာစားဆိုတဲ့စကားကိုတောင်
လွယ်လွယ်မှတ်ပြီးလက်မခံနိုင်ခဲ့မိဘူး
ကြုံဖူးမှသိဆိုသလို
လက်တွေ့ကျကျတွေ့မြင်ရတော့မှ
အံ့သြခြင်းပုံရိပ်တွေကအထူးအဆန်းလိုဖြစ်ခဲ့ရ
သူငယ်ချင်ဆိုတာလည်း မရှိ
မိတ်ဆွေဆိုတာလည်း မရှိ
ဆွေမျိုးဆိုတာလည်း မသိ
မိဘဆိုတာလည်းဂရုမစိုက်ကြတော့
သဝေထိုး င ဝဆွဲ ငွေ ကပိုင်ရှင်ဖြစ်ခဲ့ရပြီ
သူခိုင်းသမျှ သူစိုင်းသမျှ
အတ္တမာနတွေနဲ့သာကြီးစိုးနေကြလေပြီး
လေဘ ဒေါသ မောဟတွေနောက်
ကောက်ကောက်ပါအောင်လိုက်နေကြ
တက်လိုက်နင်းလိုက်ကြတာ
လူကြီးကလူငယ်
ဂုဏ်ကြီးကဂုဏ်ငယ်
သူကြွယ်ကြီးကကျွန်ငယ်
အသွယ်သွယ်တွေနဲ့ပေါ့
အောက်လူငယ်သားတွေကိုလှေခါးထစ်ပမာထား
နင်း နင်းပြီးတက်သွားလိုက်ကြတာ
ဘယ်သူတွေများထင်နေကြလို့လဲ
လနှစ်ချောင်းငင် လူ တဲ့ဗျ
မှတ်သားမိတဲ့လူလေးမျိုးကိုတောင်
သေချာဆန်းစစ်မိကြဖို့လိုအပ်နေပြီ
အော် လူတွေ လူတွေ
မလိုတစ်မျိုးလိုတော့တစ်မျိုး
အမျိုးမျိုးမရိုးရလေအောင်
ကြံဆောင်လုပ်တက်ကြလေတော့
ဘယ်လိုလုပ်သရုပ်မှန်တွေပေါ်နိုင်အုံးမှာလဲ
ယူတော့ပြုံးပြုံး ပြုံးပြုံး
တောင်းတောမုန်းမုန်းဖြစ်နေကြပြီလား
ယုံကြည်ရာဖို့လွယ်ကူသလို
ယုံကြည်ဖို့ရာခက်ခဲနေတက်ပြန်တယ်
အထက်ကိုတက်သွားအုံးမလား
အောက်ကိုပဲဆင်းသွားလေမလား
လွယ်ကူတယ်
လုပ်ရက်လုပ်ဇာတ်တွေပေါ်မှာမူတည်နေပြီး
ရခဲလှတဲ့ဒုလ္လဘတရားကိုလည်းသူပိုင်ခဲ့တယ်
ကြိုက်ရာရွေးလမ်းနှစ်သွယ်ကြားမှာ
ရပ်တည်နိုင်စွမ်းရှိတယ်ဆိုကတည်းက
နဲနဲနောနောအရည်ချင်းတွေနှင့်မဟုတ်ဘူး
ရွေးချယ်တက်ရင်ကိုယ့်ဘက်ချည်းပါပဲ
ယူတက်ဖို့နဲ့ယူနိုင်ဖို့သာအရေးကြီးတာပါ
သတ် ခိုး လွန်ကျူး လိမ်ညာ သောက်စားတက်ရုံနဲ့
လူ လို့ကင်ပွန်းတပ်ကြေးဆိုရင်
လူ့ငရဲဖြစ်ရုံမှလွဲလို့ဘာများဖြစ်အုံးမှာလဲ
ထို့အတူ
အိပ်စားကာမထိုသုံးဝနှင့်သာတစ်ဘဝဆုံးရသူတွေ
စားဝတ်နေရေးဆိုတဲ့အရေးတော်ပုံကြားမှာ
မယောင်မလည်ဗျာများနေရတဲ့သူတွေ
ဘယ်လိုလုပ် လူ လို့ကင်ပွန်းတပ်လိုက်ရမှာလဲ
လူ့တိရစ္ဆာန် လူ့ပြိတ္တာဆိုတဲ့နာမည်တွေကလွဲရင်ပေါ့
ရှာလို့ရနိုင်မယ်မထင်တောဘူး
နေ့စဉ်နှင့်အမျှလောဘ ဒေါသ မောဟတွေနဲ့အတူတူ
နေထိုင်ကြ အိပ်ကြ စားကြ ရှာဖွေကြနဲ့
အတ္တမာနတရားတွေသာကြီးထွားနေလေကြပြီ
စက္ကန့်အချိန်တိုတိုလေးအတွင်းမှာတောင်
များပြားလှတဲ့စိတ်တွေပြောင်းလဲနေကြတာ
လွယ်လွယ်ကူကူနဲ့တော့လူမပီသနိုင်ဘူး
ရရှိနေတဲ့အချိန်ရောက်ရှိနေတဲ့နေရာလေးမှာ
တန်ဖိုးရှိရှိအသုံးချတက်ဖို့တော့လိုအပ်တယ်
တကယ့်တကယ်ကိုယ့်ကိုယ်ကိုလူပီသဖို့ဆိုရင်
ဗြဟ္မစိုရ်တရားလက်ကိုင်ထားပြီး
အချိန်ရသမျှဒါန သီလ ဘာဝနာတို့ကို
ကြိုးစားအားထုတ်သူဖြစ်နေရမယ်
လိုချင်တဲ့ပန်းတိုင်လိုအပ်တဲ့ပန်းတိုင်ရဖို့ဆိုတာ
သာမန်ကြိုးစားအားထုတ်ရုံနဲ့မလုံလောက်ဘူး
လုံးလဝီရိယစိုက်ကာကြိုးစားအားထုတ်ပါမှ
တည်ငြိမ်အေးချမ်းတဲ့ဘဝပိုင်ရှင်ဖြစ်ပြီး
တကယ့်ကိုလူပီသတဲ့ လူ့ပရမတ္ထလို့ခေါ်တဲ့
လူ ဆိုတဲ့နာမည်ဟာ
သင့်နာမည်တစ်ခုပါပဲ့။ ။

ဇွဲမာန်(အင်းဝ)

Comments

Popular posts from this blog

အလွမ်းမြို့

လမ်းပေါ်ကလူ