Posts

Showing posts from February 16, 2014

တုနိုင်းမဲ့

တုနိုင်းမဲ့ ………………. ကိုးလလွယ်ဆယ်လဖွားလို့ လူလားမြောက်ခဲ့ရတဲ့ကျွန်တော် မေတ္တာကြီးမားတဲ့အမေ့သွေးရေစက်တွေသောက်ပြီး အသက်ရှင်ခဲ့ရတဲ့ကျွန်တော် နွေးထွေးတဲ့အမေ့ရင်ခွင်ထဲမှာအိပ်စက်ပြီး ဘဝကြီးကိုစိန်ခေါ်နိုင်ခဲ့တဲ့ကျွ န်တော် ဘဝတစ်ခုရဲ့အစိတ်အပိုင်းတစ်ခုဆီသို့ အမေ့သွေးတွေ အဖေ့ချွေးတွေနဲ့အတူ နာရီစက္ကန့်အချိန်တိုင်းမှာအသက်ရှင်သန်ခွင့်ရခဲ့ပြီ နှစ်ဆယ့်ငါးဆိုတဲ့ကိန်းဂဏန်းတစ် ခုက ဘာမှတန်ဖိုးမရှိဘူးလို့ပြောချင် ပြော နှစ်ဆယ့်ငါးနှစ်အတွင်းမှာအမေပေးခဲ့တဲ့မေတ္တာတွေကိုတော့ ဘယ်အရာနဲ့မှတန်ဘိုးဖြတ်လို့မရဘူး ကျန်တာအပထား အမေတိုက်ကျွေးခဲ့တဲ့သွေးတစ်စက်နှင့်တင် အရာအားလုံးမေ့ထားလိုက်လို့ရတယ် အဲဒါ….အမေ….။ ။ 15.1.2041 ပြာသိုလပြည့်အမေနေ့မှာ 25 နှစ်ပြည့်အမှတ်တရ ဇွဲမာန်(အင်းဝ)

ဝမ်းနည်းမှုမှတ်တမ်း

ဝမ်းနည်းမှုမှတ်တမ်း ………………………………….. “ဆရာကြီးဦးမြင့်ဆွေ”ဆုံးပြီတဲ့ မကြားချင်ပေမယ့်ကြားလိုက်ရတဲ့သတ င်းတစ်ခု ငါမယုံချင်ဘူး သတင်းမှားကြီးဖြစ်ပါစေ ကောဟာဟာလဖြစ်ပါစေ ဆောက်တည်ရာမရတဲ့ရင်ခွင်က ဆုတွေအမျိုးမျိုးတောင်းနေရပြီ မီးအဟုန်းဟုန်းတောက်လောင်နေရပြီ အိုး………မပြောကြပါနဲ့တော့ ဆရာကြီးမသေဘူး ဒါသတင်းမှားကြီး အမှန်မဟုတ်ဘူး တဒင်္ဂ တခဏပျံ့လွင့်နေတဲ့စိတ်တွေဖြေဆည် ဖို့ နီးစပ်ရာအပေါင်းသင်းတွေဆီမေးကြည့်မိခဲ့ လက်မခံချင်ပေမယ့်လက်ခံလိုက်ရပြီ ဆရာကြီး03း45အချိန်ကဆုံးတာတဲ့ တိကျသေချာတဲ့သတင်းရလိုက်ပြီ လစ်ဟာနေတဲ့ရင်ခွင်ကဘယ်လိုမှလက်မ ခံနိုင်ခဲ့ လောကကြီးရယ်….. မသေပါနဲ့လို့တောင်းဆိုခွင့်မရှိ ပေမယ့် တောင်းဆိုခွင့်ရခဲ့ရင်တောင်ဆိုချင်ပါသေးတယ် သားသမီးတွေအတွက်အဖေရှိနေရအုံးမယ် တပည့်တွေအတွက်ဆရာရှိနေရအုံးမယ် မိတ်ဆွေတွေအတွက်သူငယ်ချင်းကောင်းအဖြစ်ရှိနေရအုံးမယ် လူမိုက်လူဆိုးတွေကမလိုချင်ဘူးလို့ပြောခဲ့ရင်တောင် သားတို့သမီးတို့ကအမြဲလိုအပ်နေတယ် ဒါပေမယ့်….. လွန်ဆန်လို့မရတဲ့သဘာဝနိယာမဓမ္မက သူ့သဘာဝသူ့ဓမ္မအလိုခေါ်ဆောင်သွားခဲ့ပြီ “ဆရာကြီးကောင်းရာသုဂတိလားပါစေ အဖေကောင်းရာသုဂတိလားပါစေ သူငယ်ချင်းကောင်းရာသုဂတ...

ဘယ်လဲ ဘာလဲ ဆိုတာ ဘာလဲ ဘယ်လဲ

ဘယ်လဲ ဘာလဲ ဆိုတာ ဘာလဲ ဘယ်လဲ .............................. ...................... ခေတ်တစ်ခုရဲ့စကားလုံးတစ်လုံးက ဘယ်လဲ၊ဘာလဲဆိုတာ ရေတွင်ကျယ်ကျယ်သုံနေကြတဲ့စကားလုံး အဓိပ္ပါယ်သက်ရောက်မှုက အံ့မခန်းလိလိပါပဲ ရိုက်ချက်က ကမ်းကုန် ဒါရိုက်တာ မီးပွားရဲ့ဇာတ်ကားအမည် ဖြစ်ပျက်နေတဲ့ ဘဝ တစ်စိတ်တစ်ပိုင်းနဲ့ ကွက်တိ သူလည်းစားတယ် ငါလည်းစားမယ် မင်းလည်းစားမယ် ရသမျှ ရနေသမျှစားမယ် တော တောင် လယ်မြေ ရွှေငွေ ပတ္တမြား သဘာရဲ့သယံဇာတတွေမကုန်ခမ်းသရွေ့ လူးမျိုး ဘာသာမရွေး စားသုံးနိုင်ပါသည် တွေ့ခဲ့ရတဲ့ အာလူးကြော်ထုတ်ထဲမှာ ခုတော့ အပြင်မှာပဲရောက်နေဘိသလား ဟုတ်တော့ ဟုတ်နေပါတယ် တည်နေဆဲ တိုင်းရင်းသားမျိုးနွယ်စုကိုပြောတာပါ ဘာမဆိုင် ညာမဆိုင် ဧည့်သည်က အိမ်ရှင်ဖြစ် အိမ်ရှင်က ဧည့်သည်ဖြစ် အတင်းအဓမ္မဇာတ်သွင်းနေကြတဲ့သူတို့ မပါဝင်ပါ ကိုဘာဘူကြီးလည်းမပါဝင်သလို ကိုပေါက်ဖော်ကြီးလည်းမပါဝင်ဘူးခ င်ဗျာ့ ဧည့်သည်က ဧည်သည် အိမ်ရှင်က အိမ်ရှင် ဘယ်တူပါလိမ့် မတုန်း တံမျက်စည်း လှည်း(လှဲ)ပေးရုံ ဖုံလေးခါပေးရုံနဲ့ အိမ်ရှင်ဖြစ်ကြေးဆိုရင် ငါ ကိုယ်တိုင်လည်းဒီလိုလိုက်လုပ်နေ မှာပေါ့ ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆ...

ခွန်အားသစ်အလင်းရောင်

ခွန်အားသစ်အလင်းရောင် .............................. ..... လိုအပ်တယ်ထင်ရင် အဝေးဆုံးဆီကိုပျံသန်းသွားပါ နောက်ပြန်လှည့်မကြည့်မိပါစေနဲ့ အနာဂတ်မှာလှပဖို့အတွက်သင့်မှာတာ ဝန်ရှိတယ် ထင်ရာမြင်ရာဂရုစိုက်မိနေရင် အတောင်ကျိုးတဲ့ငှက်လိုပျံသန်းရခ က်နေမိမှာပေါ့ ရွေးချယ်မှုဆိုတာပြတ်သားရတယ် စိတ်ဓာတ်တွေကိုမြင့်တင်လိုက်ပါ မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေပြီးေ မြာက်နေလိမ့်မယ် ဘဝဆိုတာကအဆိုးအကောင်းဒွန်တွဲနေတာလေ တစ်ခါတစ်ခါလိမ့်ကျခဲ့ရင်တောင် ခံနိုင်မှုစွမ်းအင်နဲ့တိုက်ထုတ်ြ ပစ်ရမယ် မယုံမရှိနဲ့ ဘဝကိုမြင်တင်ချင်တဲ့စိတ်ရှိသေးရ င် အခုပဲစ မနက်ဖြန်အောင်မြင်နေတာတွေ့လိမ့် မယ်..။ ။ ဇွဲမာန်(အင်းဝ)