.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Saturday, February 22, 2014

ဘယ်လဲ ဘာလဲ ဆိုတာ ဘာလဲ ဘယ်လဲ

ဘယ်လဲ ဘာလဲ ဆိုတာ ဘာလဲ ဘယ်လဲ
....................................................
ခေတ်တစ်ခုရဲ့စကားလုံးတစ်လုံးက
ဘယ်လဲ၊ဘာလဲဆိုတာ
ရေတွင်ကျယ်ကျယ်သုံနေကြတဲ့စကားလုံး
အဓိပ္ပါယ်သက်ရောက်မှုက
အံ့မခန်းလိလိပါပဲ
ရိုက်ချက်က ကမ်းကုန်
ဒါရိုက်တာ မီးပွားရဲ့ဇာတ်ကားအမည်
ဖြစ်ပျက်နေတဲ့ ဘဝ တစ်စိတ်တစ်ပိုင်းနဲ့
ကွက်တိ
သူလည်းစားတယ်
ငါလည်းစားမယ်
မင်းလည်းစားမယ်
ရသမျှ ရနေသမျှစားမယ်
တော တောင် လယ်မြေ ရွှေငွေ ပတ္တမြား
သဘာရဲ့သယံဇာတတွေမကုန်ခမ်းသရွေ့
လူးမျိုး ဘာသာမရွေး စားသုံးနိုင်ပါသည်
တွေ့ခဲ့ရတဲ့ အာလူးကြော်ထုတ်ထဲမှာ
ခုတော့ အပြင်မှာပဲရောက်နေဘိသလား
ဟုတ်တော့ ဟုတ်နေပါတယ်
တည်နေဆဲ တိုင်းရင်းသားမျိုးနွယ်စုကိုပြောတာပါ
ဘာမဆိုင် ညာမဆိုင်
ဧည့်သည်က အိမ်ရှင်ဖြစ်
အိမ်ရှင်က ဧည့်သည်ဖြစ်
အတင်းအဓမ္မဇာတ်သွင်းနေကြတဲ့သူတို့မပါဝင်ပါ
ကိုဘာဘူကြီးလည်းမပါဝင်သလို
ကိုပေါက်ဖော်ကြီးလည်းမပါဝင်ဘူးခင်ဗျာ့
ဧည့်သည်က ဧည်သည်
အိမ်ရှင်က အိမ်ရှင်
ဘယ်တူပါလိမ့် မတုန်း
တံမျက်စည်း လှည်း(လှဲ)ပေးရုံ
ဖုံလေးခါပေးရုံနဲ့
အိမ်ရှင်ဖြစ်ကြေးဆိုရင်
ငါ ကိုယ်တိုင်လည်းဒီလိုလိုက်လုပ်နေမှာပေါ့
ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား
ဆန်ကျင်ကြ
မြဝတီအသံလွှင့်စက်ကလွှင့်ခဲ့တဲ့အသံလွှင့်ချက်
နားထောင်ရုံသက်သက်ဖြင့်နားထောင်နေရတော့မှာလား
အဖြူ အမဲ အန္တရာယ်တို့ရဲ့လက်ဝါးအုပ်မှုက
အနာဂတ်မြန်မာနိုင်ငံတော်ကြီးမှာ
လူမျိုး ဘာသာ သာသနာစည်ပင်တိုးတက်ခြင်းတို့နဲ့အတူ
စီးပွားရေး ကြီးပွားရေး လူနေမှုအဆင့်အတန်း ဒီမိုကရေစီဆိုတာ
ဘယ်လဲ ဘာလဲ....။ ။
ဇွဲမာန်(အင်းဝ)

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4