လွဲမှားခဲ့တယ်
လွဲမှားခဲ့တယ် …………………… နားလည်ပေးပါလို့လည်းမတောင်းဆိုရက်ပါ ဖြစ်နေကျသဘာဝအတိုင်းဖြစ်ခွင့်ရှိတယ် ရွေးချယ်ခွင့် ရွေးပိုင်ခွင့်တွေရှိခဲ့တယ် စကားလုံးတစ်လုံးစီရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်က တစ်ဦးတစ်ယောက်အတွက်………….. အားဆေးလား သေဆေးလား ရင်ကွဲငှက်တို့ရဲ့အော်မြည်သံပဲလား မြူးတူးပျော်ပါးဖို့အတွက် အိပ်ရာဝင်တေးသံကနားဝင်ချိုသလိုပဲ တခါတခါလန့်နိုးတက်တဲ့စကားသံက အိပ်ရာဝင်တေးသစ်ကိုမျက်နှာသစ်ခိုင်းမိတယ် ဖြစ်ချင်တော့အေးစက်စက်ရေခဲရေကိုမှ အေးမြတဲ့ဒီဆောင်းရာသီမှာလက်နှိုက်မိတော့မလို့ ဒါပေမယ့်…………လွဲမှားခဲ့တယ် ရာသီတွေအေးနေပေမယ့် ငါ့ရင်ခွင်ကပူလောင်နေခဲ့တယ်လေ………..။ ။ ဇွဲမာန်(အင်းဝ)