လွဲမှားခဲ့တယ်
……………………
နားလည်ပေးပါလို့လည်းမတောင်းဆိုရက်ပါ
ဖြစ်နေကျသဘာဝအတိုင်းဖြစ်ခွင့်ရှိတယ်
ရွေးချယ်ခွင့်
ရွေးပိုင်ခွင့်တွေရှိခဲ့တယ်
စကားလုံးတစ်လုံးစီရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်က
တစ်ဦးတစ်ယောက်အတွက်…………..
အားဆေးလား
သေဆေးလား
ရင်ကွဲငှက်တို့ရဲ့အော်မြည်သံပဲလား
မြူးတူးပျော်ပါးဖို့အတွက်
အိပ်ရာဝင်တေးသံကနားဝင်ချိုသလိုပဲ
တခါတခါလန့်နိုးတက်တဲ့စကားသံက
အိပ်ရာဝင်တေးသစ်ကိုမျက်နှာသစ်ခိုင်းမိတယ်
ဖြစ်ချင်တော့အေးစက်စက်ရေခဲရေကိုမှ
အေးမြတဲ့ဒီဆောင်းရာသီမှာလက်နှိုက်မိတော့မလို့
ဒါပေမယ့်…………လွဲမှားခဲ့တယ်
ရာသီတွေအေးနေပေမယ့်
ငါ့ရင်ခွင်ကပူလောင်နေခဲ့တယ်လေ………..။ ။
ဇွဲမာန်(အင်းဝ)
No comments:
Post a Comment