Posts

Showing posts with the label အင်တာဗျူး

စက်တင်ဘာလဆုံဆည်းရာအကြိုက်ပို့စ်နှင့် ဆီမီးရောင်ဖြာသီတင်းကျွတ်ချိန်ခါဆောင်းပါးပြိုင်ပွဲ တတိယဆုရှင်ဇွဲမာန်(အင်းဝ)နှင့်အင်တာဗျူးခြင်း

Image
အားလုံးပဲ မင်္ဂလာပါဗျာ။ အပတ်စဉ်သောကြာနေ့တိုင်းတင်ဆက်နေကြဖြစ်တဲ့ ဆုံဆည်းရာ အင်တာဗျူးကဏ္ဍလေးမှ မန်ဘာများအားလုံးပြုံးပျော်စွာဘ၀အတွက် အများအတွက် ထွန်းပေါက်အောင်မြင်ကျော်ကြားပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှစ်ဖြာသုခနှင့်ရရှိပြည့်စုံကုန်လုံဥစ္စာ သိပညာများတိုးပွားကြပါစေလို့ ဆုံဆည်းရာမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဒီတစ်ပတ်အတွက် အလှည့်ကျလာ ဗျူစရာအဖြစ် ရောက်ရှိလာလာသူကတော့ စက်တင်ဘာလဆုံဆည်းရာအကြိုက်ပို့စ်နှင့် ဆီမီးရောင်ဖြာသီတင်းကျွတ်ချိန်ခါ ဆောင်းပါးပြိုင်ပွဲ တတိယဆုရှင် ဇွဲမာန်(အင်းဝ) ပဲဖြစ်ပါတယ်။ ကဲဇွဲမာန်အင်းဝနဲ့ဘာတွေမေးပြီး ဘယ်လိုဖြေထားတယ်ဆိုတာ အားလုံးပဲ ဖတ်ရှု့အားပေးကြပါဦး။ မင်္ဂလာပါညီ မင်္ဂလာပါ အကို ညီလေးရေးရဲ့နာမည်အရင်းကို သိပါရစေ။ ညီလေးရဲ့ နာမည်အရင်းက ထွန်းထွန်းမော် ပါ အကို ဇွဲမာန်(အင်းဝ)ဆိုတဲ့ကလောင်နာမည်လေးယူဖြစ်ခဲ့တဲ့အကြောင်းလေးပြောပြပါဦး။ ဇွဲမာန်(အင်းဝ) ဆိုတဲ့ကလောင်နာမည်လေးယူဖြစ်ခဲ့တဲ့အကြောင်းလေးက အရင်ဆုံးကိုယ့်ကိုယ်စိတ်ဓာတ်မြင့်တင်စေလိုတဲ့အတွက်ယူဖြစ်ခဲ့တာပါ၊ ဇွဲ-ဆိုတာ(ဝီရိယ) ဝီရိယ-ဆိုတာကြိုးစားအားထုတ်မှုလို့အဓိပ္ပါယ်လို့ဖြ...