8.8.88
8.8.88 ………………………… နေ့တစ်ခု လတစ်ခု နှစ်တစ်ခုက သမိုင်းဝင်မော်ကွန်းထဲမှာ ဘယ်လိုများရောက်နေပါလိမ့် ပြက္ခဒိန်ကိုလှန်လှောကြည့်တော့ သွေးစွန်းနေတာအခုထိမခြောက်သေးဘူးဘဲ အရင်ကမြင်ရတာနဲ့အခုမြင်ရတာ အာရုံကိုလွှဲသွားစေရုံမှအပ ဖြစ်နေတာတွေကအတူတူလိုပါပဲ ဟိုရှေ့မှာလည်းခပ်ရေးရေး ဒီနားမှာလည်းခပ်ရေးရေး အော်ကြဟစ်ကြအသံတွေအစား သွေးစက်တွေကူးပြောင်းကုန်ပြီလား ဂယက်ရိုက်ခက်မှုလမ်းမကြီးပေါ်မှာ ရဟန်း ကျောင်းသား ပြည်သူတွေရဲ့အသက်သွေးကြောတွေ ခုချိန်အထိရှင်သန်နေဆဲ စီးဆင်းနေဆဲ ဒီနေ့ ဒီရက် ဒီလ ဒီနှစ် ရှိနေသမျှကာလပတ်လုံး….။ ။ ဇွဲမာန်(အင်းဝ)