8.8.88
…………………………
နေ့တစ်ခု လတစ်ခု နှစ်တစ်ခုက
သမိုင်းဝင်မော်ကွန်းထဲမှာ
ဘယ်လိုများရောက်နေပါလိမ့်
ပြက္ခဒိန်ကိုလှန်လှောကြည့်တော့
သွေးစွန်းနေတာအခုထိမခြောက်သေးဘူးဘဲ
အရင်ကမြင်ရတာနဲ့အခုမြင်ရတာ
အာရုံကိုလွှဲသွားစေရုံမှအပ
ဖြစ်နေတာတွေကအတူတူလိုပါပဲ
ဟိုရှေ့မှာလည်းခပ်ရေးရေး
ဒီနားမှာလည်းခပ်ရေးရေး
အော်ကြဟစ်ကြအသံတွေအစား
သွေးစက်တွေကူးပြောင်းကုန်ပြီလား
ဂယက်ရိုက်ခက်မှုလမ်းမကြီးပေါ်မှာ
ရဟန်း
ကျောင်းသား
ပြည်သူတွေရဲ့အသက်သွေးကြောတွေ
ခုချိန်အထိရှင်သန်နေဆဲ
စီးဆင်းနေဆဲ
ဒီနေ့ ဒီရက် ဒီလ ဒီနှစ် ရှိနေသမျှကာလပတ်လုံး….။ ။
ဇွဲမာန်(အင်းဝ)
No comments:
Post a Comment