မုဆိုးတွေသေသော်လည်းသားကောင်မသေသေး
မုဆိုးတွေသေသော်လည်းသားကောင်မသေသေး ………………………………………………………………. ကြားလိုက်ရတဲ့သတင်းတွေက ရင်ကွဲလုမတက် အမျိုးအနွယ်ကိုရင်ဝယ်ထားပြီး သားကောင်းတွေနင်းခြေသတ်တဲ့သူ ဘယ်သူများဖြစ်လေမလဲ “ဝံသ” နဲ့လူ တဲ့ဗျ မင်းကိုတောင်သူလုပ်လို့ မင်းဖြစ်လာရတယ် ဘယ်လိုမင်းကသူ့ကိုနိုင်မှာလဲ သူက “မင်းလူ”လေ ကြောက်လှပါပြီဗျာလို့အော်ရအောင် အမှန်တရားကိုလက်ကိုင်ထားပြီး ချိုးငှက်တစ်ကောင်ကိုတောင်မွေးဖွားလိုက်သေး မပြောမဆိုဗျာသူကိုယ်တိုင်က ကျုပ်တို့ဗိုလ်ချုပ်အောင်ဆန်းကိုများ "အောင်ဆန်း ( သို့မဟုတ် ) အရိုင်း"တဲ့ ပြောလည်းပြောတက်ပါလေစ ဖွဲ့လည်းဖွဲ့တက်ပါလေစ ကျုပ်တို့ဘယ်လိုများနေရပါ့မလဲ သူရေးဖွဲ့ခဲ့တာတွေနဲ့အသက်ရှင်ခဲ့ရတယ် သူတိုက်ခဲ့တာတွေနဲ့အသက်ဆက်ခဲ့ရတယ် နာမည်ကိုကဘာတဲ့လဲ “ဒဂုန်တာရာ”တဲ့ တာရာကိုဒဂုန်ကွန့်တော့ပြီးသွားပြီပေါ့ သူတို့လိုက်ခဲ့တဲ့သားကောင်တွေ အကောင်ကြီးကြီးလား အမြီးရှည်ရှည်လား အဲဒါတွေလည်းဟုတ်တယ် အဲဒါ တွေလည်းဟုတ်တယ် အမှန်တရားကိုလက်ကိုင်ကာ လက်ဆွဲပြီးသားကောင်းကိုမလိုက်ခဲ့တောင် တူညီခြင်းကအတူတူပဲ ငြိမ်းချမ်းရေးကွန်ဂရက်ကိုတည်ဆောက်ခဲ့ကြတာ တစ်ဘဝတစ်ခန်း...