နွေးထွေးသောလက်တစ်စုံနှင့် အမေနှင့်ပတ်သက်သောကဗျာများ
အားလုံးမင်္ဂလာပါလို့ နုတ်ဆက်ပါရစေ..။ ဒီနေ့ဟာ အမေများနေ့ ဖြစ်သည့်အတွက် ကျွန်တော်ရေးသားသော အမေနှင့်ပတ်သက်သောကဗျာများကိုစုစည်းပြီး အမေများကိုဂုဏ်ပြုပါသည်..။ အမေ့မေတ္တာများကိုနားလည်ကြပြီး အမေ့ကျေးဇူးကိုဆပ်နိုင်ကြပါစေ..။ သွေး ………………. နီရဲတဲ့သွေးတစ်စက်က ဖြူစင်တဲ့မေတ္တာတစ်ခုကြောင့် အရောင်သွယ်တန်းတွေပြောင်းလဲခဲ့ပြီ……။ နီရဲတဲ့သွေးတစ်စက်က ကြီးမားတဲ့မေတ္တာရေကြောင့် အားအင်သစ်တွေမွေးဖွားခဲ့ပြီ…။ တစ်စက်ပဲသွေးရေဆိုပေမဲ့ ကြီးမားတဲ့တန်ဘိုး အားကြီးတဲ့မေတ္တာ…… နိုင်းဆလို့မရတဲ့”ဂုဏ်ကျေးဇူး” ရောထွေးပြီးစီးဆင်းလာတဲ့ အမေ့ရဲ့”သွေး”တစ်စက်က ငါတို့ကို………………. အားအင်သစ်တွေမွေးဖွားပေးခဲ့ပြီ …..။ ။ မိဘမေတ္တာ နိုးဆော်လွှာ ………………………….. ဇမ္ဗူတိုင်းမှာ ဂုဏ်နိုင်းပြလျှင် အမေ ဆိုတာ တုနိုင်းလို့ရမယ်မထင်ဘူး…..။ ကမ္ဘာ့သမိုင်းမှာတော့ နန္တဂိုဏ်းလို့ ဆိုလိုက်ပေပ………။ ပြာသိုလဆိုတာ အမေတို့ရဲ့ ဂုဏ်ရည်နေ့ရယ်မို့(လို့) ဝါကြွားတယ်လို့မထင်လိုက်ပါနဲ့…. ။ ရှေးရှေးကအစဉ်အလာ လက်ကမ်းကာထိန်းသိမ်း အမေနေ့ဟာ မတိမ်းပါးအောင် ကျေးဇူးရှင် အမေများကို ကျွေးမွေးကာစောင့်ရေ...