အားလုံးမင်္ဂလာပါလို့
နုတ်ဆက်ပါရစေ..။ ဒီနေ့ဟာ အမေများနေ့ ဖြစ်သည့်အတွက် ကျွန်တော်ရေးသားသော
အမေနှင့်ပတ်သက်သောကဗျာများကိုစုစည်းပြီး အမေများကိုဂုဏ်ပြုပါသည်..။
အမေ့မေတ္တာများကိုနားလည်ကြပြီး အမေ့ကျေးဇူးကိုဆပ်နိုင်ကြပါစေ..။

သွေး
……………….
နီရဲတဲ့သွေးတစ်စက်က
ဖြူစင်တဲ့မေတ္တာတစ်ခုကြောင့်
အရောင်သွယ်တန်းတွေပြောင်းလဲခဲ့ပြီ……။
……………….
နီရဲတဲ့သွေးတစ်စက်က
ဖြူစင်တဲ့မေတ္တာတစ်ခုကြောင့်
အရောင်သွယ်တန်းတွေပြောင်းလဲခဲ့ပြီ……။
နီရဲတဲ့သွေးတစ်စက်က
ကြီးမားတဲ့မေတ္တာရေကြောင့်
အားအင်သစ်တွေမွေးဖွားခဲ့ပြီ…။
တစ်စက်ပဲသွေးရေဆိုပေမဲ့
ကြီးမားတဲ့တန်ဘိုး
အားကြီးတဲ့မေတ္တာ……
နိုင်းဆလို့မရတဲ့”ဂုဏ်ကျေးဇူး”
ရောထွေးပြီးစီးဆင်းလာတဲ့
အမေ့ရဲ့”သွေး”တစ်စက်က
ငါတို့ကို……………….
အားအင်သစ်တွေမွေးဖွားပေးခဲ့ပြီ…..။ ။

မိဘမေတ္တာ နိုးဆော်လွှာ
…………………………..
ဇမ္ဗူတိုင်းမှာ
ဂုဏ်နိုင်းပြလျှင်
အမေ ဆိုတာ
တုနိုင်းလို့ရမယ်မထင်ဘူး…..။
ကမ္ဘာ့သမိုင်းမှာတော့
နန္တဂိုဏ်းလို့
ဆိုလိုက်ပေပ………။
ပြာသိုလဆိုတာ
အမေတို့ရဲ့
ဂုဏ်ရည်နေ့ရယ်မို့(လို့)
ဝါကြွားတယ်လို့မထင်လိုက်ပါနဲ့….။
ရှေးရှေးကအစဉ်အလာ
လက်ကမ်းကာထိန်းသိမ်း
အမေနေ့ဟာ မတိမ်းပါးအောင်
ကျေးဇူးရှင် အမေများကို
ကျွေးမွေးကာစောင့်ရှောက်ပါလို့
ပညာရှင် စာပေများရယ်က
ခေတ်လူငယ်မောင်နှမများကို
တိုက်တွန်းသည့်ပွဲ………….။ ။
တုနိုင်းမဲ့ ကျေးဇူးရှင်
………………………..
ဘဝကအရွက်ကျရာအပင်ပေါက်ရင်း
ကျွန်တော့်ဘဝကို
အဖေချယ်မှုန်းပေးခဲ့တယ်
အမေချယ်မှုန်းပေးခဲ့တယ်
ဟုတ်တယ်………..
လေနှင်ရာလွင့်မျောမိနေတဲ့
ကျွန်တော့်ဘဝ
အဖေကိုယ်တိုင်ထုဆစ်ပြီး
အမေကိုယ်တိုင်ချယ်သပေးနိုင်ခဲ့တယ်…။
ဒီလိုနဲ့ကျွန်တော့်ဘဝ
“လူသား”ဆိုတဲ့
သဘာဝဥယျာဉ်ကြီးထဲမှာ
အဖေနဲ့အမေ……..
ပို့ဆောင်ပေးခဲ့တာပေါ့….။
ကျွန်တော်လည်းဘာရယ်မှန်းမသိပေမဲ့
အဖေ အမေပို့ပေးတဲ့
ဥယျာဉ်ကြီးထဲကိုတော့
အချိန်ကြာမြင်စွာ
စမ်းတဝါးဝါးနဲ့လျှောက်လှမ်းခဲ့တယ်လေ…
ကျွန်တော်လျှောက်လှမ်းနေတဲ့အခိုက်မှာ
“သား…..သာ…..ရေ..”ဆိုတဲ့
အဖေ အမေတို့ရဲ့နှုတ်ဖျားက
နားဝင်ချိုတဲ့တေးသွားနဲ့အတူ
ကျွန်တော့်နားကိုပဲ့တင်စေပြီး
အပြာရောင်ချယ်သထားတဲ့
“ကောင်းကင်”
အရောင်တွေဖြန့်ဝေထားတဲ့
“နေမင်း”
ကြယ်စင်တွေခြံရံနေတဲ့
“လမင်း” တို့ကို
အဖေနဲ့ အမေဟာ
ကျွန်တော့ကိုမြင်စေခဲ့ပြီပေါ့………။

အမေသို့တမ်းခြင်း
……………………..
အမေရေ………..
ပြာလဲ့လဲ့ကောင်းကင်အောက်မှာ
သိုသိုသိပ်သိပ်
အထီးကျန်နေရတဲ့ကျွန်တော့်ဘဝ
ကြယ်တာရာတွေစုံညီလှတဲ့
လမင်းကြီးရဲ့ဘဝကိုတော့
အားကျမိတာအမှန်ပါ…..။
သားရဲ့ဘဝမှာ…..
ပြည့်စုံမှုတွေဆောင်ယူလာတဲ့
အမေ့ရဲ့မေတ္တာတွေ
သား…………
မေ့လို့ရမယ်မထင်ဘူး..။
ဆပ်၍မကုန် ကုန်၍မခန်း
အမေ့ရဲ့မေတ္တာစွမ်းကို
သား…………
နေ့စဉ်ရက်ဆက်
သတိရနေဆဲပါ….အမေ.။
အားငယ်တက်
ဂုဏ်ငယ်တက်တဲ့
သားရဲ့အကျင့်ကို(စရိုက်)
ပြုပြင်ဖို့ရောက်လာတဲ့
အမေ့ရဲ့မေတ္တာဟာ
လျှပ်စစ်ဓာတ်အားလို
အမှောင်ပယ်ဖျောက်
အလင်းရောက်အောင်
ပို့ဆောင်ပေးနိုင်ခဲ့ပါပြီ…အမေ.။ ။
ဝန္ဒာမိပါ-အမေ
…………………….
ကိုလလွယ်ဆယ်လဖွား
မေတ္တာအဟုန်ကြီးမားခဲ့တဲ့အမေ
သားဆိုလူမိုက်
တခါလိုက်လို့
မျက်ရည်ဖြိုင်ဖြိုင်
ကျသည့်တိုင်မှ
ချစ်စွာလူလေး
လွတ်အောင်ပြေး
ငါ့သားလူကလေး
လွတ်အောင်းပြေးဟု
နှုတ်မှာတွင်ခေါ်
အမေအော်ခဲ့ ။
သြော်…..အမေ
အမေ့ရဲ့လက်
ကျွန်တော်ဖြတ်ဖို့
နောက်မှပြေးလိုက်
အမေမသိလိုက်လိုက်လား
အမေ…..၊
ထိုမှမဟုတ်
ပြည်သူ့ဘေးဒဏ်
သားမခံရလေအောင်
အမေ့အသက်
လျစ်လျူလျှက်ဖြင့်
သားရဲ့ရှင်ရေး
အမေတွေးကာ
ရန်သူ့ဘေးဒဏ်
ကြံကြံခံခဲ့…။
အမေ…….
အမေပေးလျှက်
မေတ္တာစက်မှ
မေတ္တာရောင်ပြန်
သားကိုမှန်၍
သားဆိုးလူမိုက်
လိမ္မာထိုက်ဖို့
သတ္တာဝါသနား
မေတ္တာအားဖြင့်
စဉ်ကာမပြတ်
ဆုံးမတတ်ကာ
မြတ်ဗုဒ္ဓါ၏
ထာဝစဉ်အေးမြ
မြတ်ဓမ္မကို(အား)
ကြားစဉ်နာရ
တခဏဝယ်
သားဆိုးလူမိုက်
လိမ္မာလိုက်ပြီ..အမေ.။
အမေ…..
အမေ့ပေါ်ပြူဖူး
သားရဲ့အပြစ်ထူးကို
ကြွေကာချယ်သ
ဆပ်ခွင့်ရဖို့
ဗုဒ္ဓမြတ်စွာ
သာသနာ၏
သာသနာတွင်းပ
“အင်္ဂုလိမာလ”ဟု
ဘွဲတော်ထင်ရှား
ရဟန်းတစ်ပါးအသွင်
ထင်မြင်စေခဲ့…။
အမေ……..
အမေ့ရဲ့မေတ္တာဟုန်
နှိုင်းမကုန်အောင်
ကျေးဇူးကြီးမား
များပြားလှပါတယ်..အမေ..။
အမေ…..
အမေ့ကိုမျှော်မှန်း
သားရည်မှန်းကာ
လက်ဆယ်ဖြာဖြင့်
ပူဇော်ကာအတိ
ဝန္ဒာမိပါ…အမေ..။
ဝန္ဒာမိပါ…အမေ……။
(အရှင်အဂုင်္လိမာဇာတ်တော်ကိုရည်ညွန်းသည်)
“မေ့လို့မရတဲ့နေ့ရက်”
…………………………
ပြာလဲ့ခြင်းကောင်းကင်အောက်မှာ
ဖြူစင်တဲ့မေတ္တာရေတွေက
နီနီရဲရဲသားတစ် တစ်ခုကို
အားအင်သစ်တွေမွေးဖွားပေးနေရဲ…။
သိုသိပ်စွာထားခြင်းခံရတဲ့
နီရဲသောသွေးရေစက်တွေက
သားသမီးဆိုတဲ့ဇောတစ်ခုကြောင့်
အဖြူရောင်ဘက်သို့ပြောင်းလဲခြင်းခံရပြီ…။
လပြည့်ညဆိုတဲ့အလင်းရောင်ဖြန့်ချက်မှုက
လောကကြီးရဲ့ရုပ်ဝတ္ထုကိုပြသနိုင်ခဲ့ပေမဲ့
ရုပ်ဝတ္ထုကိုမြင်နိုင်တဲ့စွမ်းအင် မပြသနိုင်ခဲ့ဘူး၊
ဒါပေမဲ့………….အမေကပြသခဲ့တယ်…။
ပြည့်စုံခြင်းဆိုသောအတိုင်းတာတစ်ခုမှာ
ဂုဏ်ပကာသနကိုစွဲချက်တင်လိုက်တာကိုက
နွေးထွေးတဲ့အမေ့မေတ္တာကိုဆုံးရှုံးစေခဲ့တယ်၊
သို့ပေမဲ့…………အမေကမပစ်ပယ်ခဲ့ဘူး….။
အမေဆိုတဲ့နာမ်စားတစ်ခုက
ဘဝတစ်ခုနိဂုံးမချုပ်သေးခင်
ဖြစ်ပေါ်လာမည့်ပုဂ္ဂိုလ်မြတ်တဦး
အရာရာကိုသားသမီးတွေရဲ့ရှေ့က
မားမားမတ်မတ်ရပ်တည်မည့်သူ၊
အဲဒါ………အမေပဲ…….။
မေတ္တာတစ်ခုက………
ဘဝတစ်ခုကိုနွေးထွေးစေတယ်
အားအင်သစ်တွေမွေးဖွားစေခဲ့တယ်ဆိုရင်
အဲဒီမေတ္တာဟာ…….
ဖြူစင်တဲ့အမေ့ရဲ့မေတ္တာဖြစ်လိမ့်မယ်…….။
နေ့ရက်တစ်ခုရဲ့နံနက်ခင်းမှာ
မေ့လို့မရတဲ့နေ့ရက်တွေ
ကိုယ်တိုင်ရေးဆွဲခဲ့မယ်ဆိုရင်
အမေ့မေတ္တာကိုခံယူနေတဲ့နေ့ရက်က
ဘဝရဲ့အရေးပါမှုစာမျက်နှာထိပ်ဆုံးမှာ
ကိုယ်တိုင်ရေးဆွဲရလိမ့်မယ်……။
အမေဟာအမေပါပဲ
...........................................
ရုပ်စဉ်သာမချောပေမဲ့
အဟုတ်ထင်သာပြောရရင်ဖြင့်
ဈေသည်အမေလည်းအမေ
ဆင်းရဲလည်းအမေ
ချမ်းသာလည်းအမေ
အမေဟာအမေပါပဲ
သေရွာကွယ်မကူးသေးရင်ဖြင့်
ကျေးဇူးရယ်ဆက်ထိုက်သာစွ
မျာလှတဲ့ဂုဏ်ပုဒ်တွေ
ပိုင်ဆိုင်နေမိဘများ
ကြည့်ရယ်သာမနေလိုက်ပါနှင့်
လုပ်ကျွေးဖွယ်ရာသတိရပါအုံး
ပျားပိတုန်းလိုမောင်နှမတစ်စု
အားပြုလို့ပြောလိုက်ပါသည်
များမဟီသောင်းသောင်းပျ
ကြွေးကျော်လိုက်တယ်ခင်ဗျာ့...။

တူညီမှု
……………..
နူးညံ့တဲ့အမေရဲ့လက်က
နွေးထွေးခဲ့တယ်ဆိုရင်
ကြမ်းတမ်းတဲ့အဖေရဲ့လက်က
ငါတို့ကိုလုံခြုံစေခဲ့တယ်…..။
အသက်ပေးပြီး……
သားသမီးကိုစောင့်ရှောက်ခဲ့တဲ့
အမေ့ရဲ့မေတ္တာတွေက
ရှင်သန်ခဲ့တယ်ဆိုရင်……
ကြမ်းတမ်းတဲ့ဘဝပင်လယ်မှာ
ရုန်းကန်ပြီးပျိုးထောင်ပေးခဲ့တဲ့
အဖေရဲ့မေတ္တာတွေက
ငါတို့ရဲ့ဘဝတွေကို
ပြည့်စုံစေခဲ့တယ်………။
ကြီးမားတဲ့အားနှစ်ခုက
တူညီတဲ့မေတ္တာရေတွေ
သားသမီးများရဲ့ဘဝတွေကို
ပက်ဖျန်းပေးခဲ့ပြီး…….
သင်္ခါရရဲ့ပုံဖော်မှု
အဖေအမေတွေရဲ့ဘဝတွေရော…..။
“နာမ်စား”
……………………..
အဟောင်းအသစ်နိယာမသဘောတရားက
သင်္ခါရနှင့်ပေါင်းဖက်မှုကြောင့်
အချိန်စက္ကန့်အလိုက်အသက်ဝင်နေပြီး
တစ်ဦးတစ်ယောက်ရဲ့ပညတ်တစ်ခုက
တည်ငြိမ်မှုတွေသက်ဝင်နေကာ
လူသားမျိုးနွယ်စုကိုကင်မွန်းတက်စေခဲ့တယ်၊
ထင်ပါတယ်…………..
တို့ရဲ့ကင်းမွန်းတက်မှုက
ငါတို့ကိုလုံခြုံခဲ့စေသလို
ငါတို့ရဲ့ဘဝအတွက်……
အားအင်တွေဖြစ်စေတယ်
ယုံကြည်မှုတွေခိုင်မြဲစေခဲ့တယ်
ရဲ့ရင့်တဲ့စိတ်တွေမွေးဖွားစေခဲ့တယ်
အဲဒါ…………………
Mother(သို့) အမေ………..။ ။

“သူ (သို့) အမေ”
......................................
လောကဓံတရားနဲ့သူရင်ဆိုင်
အပြိုင်အဆိုင်အရှုံးမပေးဘူး
ကြုံးဝါးမှုအားအင်အပြည့်နဲ့
သေမင်းကိုသူစိန်ခေါ်
ဒုက္ခပေါ်ဖြတ်လျှောက်နင်း
ရဲရဲတင်းတင်းယှဉ်ပြိုင်လိုက်သူ…။
အသားအရေကိုခွဲထွက်ကာ
သွေးစိမ်းစိမ်းထွက်လဲသူမမှု့
သေမင်းကိုအံတုပြီးသူယှဉ်ပြိုင်
သူသည်သာလျှင်နိုင်ပါ၏တဲ့
ထိုခဏ……………….
အုဝဲ……အုဝဲ………အုဝဲဟစ်အော်သံ
“သူ”
အောင်မြင်မှုရဲ့ကြွေးကျော်သံလား
………………………………………..
…………………………………………
ထောက်ခံမှုရဲ့ကြွေးကျော်သံလား
ဒါပေမယ့်………………..
“သူ”
ဝင်းပတဲ့စာမျက်နှာနှင့်အောင်ပွဲတွေခံလို့……..။ ။
..........................................................
စုဒ်ချာတဲ့အဝတ်ပိုင်းလေးကိုခေါင်းအုံးလို့
ဖြူဖြူဖွေးဖွေးကြယ်စင်လေးကိုငေးမောခဲ့
မညီမညာကာရန်ထားတဲ့ထရံကြားက
တခါတခါဝေ့တက်လာသောလေပြေရဲ့
ရိုက်ခက်မှုဒဏ်ရာဒဏ်ချက်တွေက
ကျောရိုးထဲထိစိမ့်ဝင်သွားခဲ့ပြီ
ကာကွယ်ဖို့ခြေရင်းကစောင်ငယ်ပိုင်းက
21ရာစုဒီဇိုင်းသစ်လို့ဆိုရမလားဘဲ
အချိန်ချိန်အခါခါခြေချော်ကျမိလို့ပေါ့…။
ဆောင်းရာသီတစ်ခုရဲ့ညတစ်ညဟာ
ထိန့်လန့်စရာပုံရိပ်တွေနဲ့ကျော်ဖြတ်ရင်း
တုန်တုန်ချီချီကိုယ်ထည်လေးက
နွေးထွေးမှုကိုအလိုရှိနေခဲ့ပြီ..။
တကယ်တော့……..ငါ……..နွေးထွေးခဲ့တယ်
ကြယ်စင်တွေမပျောက်သေးခင်
လေပြေတွေမတိုက်သေးခင်
နွေးထွေးသောအမေရဲ့လက်တစ်စုံက
ငါ့ကိုဖက်တွယ်ရင်း…………
အမေ့ရဲ့ရင်ခွင်တစ်ခုက
ဆောင်းရာသီရဲ့လေပြေကိုအန်တုလိုက်ပြီလေ..။
အမေများအားလုံးကို ဂါရ၀ပြုလျှက်...........
ဇွဲမာန်(အင်းဝ)
zwemuninwa001@gmail.com
No comments:
Post a Comment