အဖြေမရှိတဲ့ပုစ္ဆာ
အဖြေမရှိတဲ့ပုစ္ဆာ ဝါကျတွေများသလောက် စာစီဖို့ရာခက်ခဲနေတတ်တယ် ပြန့်ကျဲနေတဲ့အက္ခရာတွေကလည်း ဥဒဟို မညီမညာအနားသတ်တွေက ဟိုဟို ဒီဒီ ထိုးထိုး ထောင်ထောင် ညှိယူဖို့လုပ်ဖြစ်လိုက်ပြန်တေ့ အဆင်ပြေခြင်းမပြေခြင်းကခေါင်းစဉ်တပ်လို့ သံယောင်လိုက်စကားလုံးတွေကြားမှာ ရှင်ခြင်းသေခြင်းကိုလွန်ဆွဲလို့ သင်္ခါရသဘောတရားကြီးကို အလိုလိုပုစ္ဆာထုတ်ပြီးမေးနေမိတယ် ဘဝကအမေးလားအဖြေလားခွဲခြားမသိခင် အဖြေမရှိတဲ့ပုစ္ဆာတစ်ပုဒ်ကိုတော့ သူသူငှါငှါအဖြေထုတ်နေကြရင်း ဘဝရဲ့ပုစ္ဆာတွေကိုဖြေဆိုနေကြရတယ် တကယ်တော့ သူသူငှါငှါမသိခြင်းများစွာထဲမှာ ဘယ်ချိန်ဘယ်နေရာသေဆုံးခြင်းမသိခြင်းက အဖြေမရှိတဲ့ပုစ္ဆာတစ်ပုဒ်ပါပဲ ။ ။ ဇွဲမာန်(အင်းဝ) ၈ ၇ ၂၀၁၅