.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Wednesday, July 8, 2015

အဖြေမရှိတဲ့ပုစ္ဆာ

အဖြေမရှိတဲ့ပုစ္ဆာ

ဝါကျတွေများသလောက်
စာစီဖို့ရာခက်ခဲနေတတ်တယ်
ပြန့်ကျဲနေတဲ့အက္ခရာတွေကလည်း
ဥဒဟို
မညီမညာအနားသတ်တွေက
ဟိုဟို ဒီဒီ ထိုးထိုး ထောင်ထောင်
ညှိယူဖို့လုပ်ဖြစ်လိုက်ပြန်တေ့
အဆင်ပြေခြင်းမပြေခြင်းကခေါင်းစဉ်တပ်လို့
သံယောင်လိုက်စကားလုံးတွေကြားမှာ
ရှင်ခြင်းသေခြင်းကိုလွန်ဆွဲလို့
သင်္ခါရသဘောတရားကြီးကို
အလိုလိုပုစ္ဆာထုတ်ပြီးမေးနေမိတယ်
ဘဝကအမေးလားအဖြေလားခွဲခြားမသိခင်
အဖြေမရှိတဲ့ပုစ္ဆာတစ်ပုဒ်ကိုတော့
သူသူငှါငှါအဖြေထုတ်နေကြရင်း
ဘဝရဲ့ပုစ္ဆာတွေကိုဖြေဆိုနေကြရတယ်
တကယ်တော့
သူသူငှါငှါမသိခြင်းများစွာထဲမှာ
ဘယ်ချိန်ဘယ်နေရာသေဆုံးခြင်းမသိခြင်းက
အဖြေမရှိတဲ့ပုစ္ဆာတစ်ပုဒ်ပါပဲ ။ ။

ဇွဲမာန်(အင်းဝ)
၈ ၇ ၂၀၁၅


No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4