ဝမ်းနည်းမှုမှတ်တမ်း

ဝမ်းနည်းမှုမှတ်တမ်း
…………………………………..
“ဆရာကြီးဦးမြင့်ဆွေ”ဆုံးပြီတဲ့
မကြားချင်ပေမယ့်ကြားလိုက်ရတဲ့သတင်းတစ်ခု
ငါမယုံချင်ဘူး
သတင်းမှားကြီးဖြစ်ပါစေ
ကောဟာဟာလဖြစ်ပါစေ
ဆောက်တည်ရာမရတဲ့ရင်ခွင်က
ဆုတွေအမျိုးမျိုးတောင်းနေရပြီ
မီးအဟုန်းဟုန်းတောက်လောင်နေရပြီ
အိုး………မပြောကြပါနဲ့တော့
ဆရာကြီးမသေဘူး
ဒါသတင်းမှားကြီး
အမှန်မဟုတ်ဘူး
တဒင်္ဂ တခဏပျံ့လွင့်နေတဲ့စိတ်တွေဖြေဆည်ဖို့
နီးစပ်ရာအပေါင်းသင်းတွေဆီမေးကြည့်မိခဲ့
လက်မခံချင်ပေမယ့်လက်ခံလိုက်ရပြီ
ဆရာကြီး03း45အချိန်ကဆုံးတာတဲ့
တိကျသေချာတဲ့သတင်းရလိုက်ပြီ
လစ်ဟာနေတဲ့ရင်ခွင်ကဘယ်လိုမှလက်မခံနိုင်ခဲ့
လောကကြီးရယ်…..
မသေပါနဲ့လို့တောင်းဆိုခွင့်မရှိပေမယ့်
တောင်းဆိုခွင့်ရခဲ့ရင်တောင်ဆိုချင်ပါသေးတယ်
သားသမီးတွေအတွက်အဖေရှိနေရအုံးမယ
တပည့်တွေအတွက်ဆရာရှိနေရအုံးမယ်
မိတ်ဆွေတွေအတွက်သူငယ်ချင်းကောင်းအဖြစ်ရှိနေရအုံးမယ်
လူမိုက်လူဆိုးတွေကမလိုချင်ဘူးလို့ပြောခဲ့ရင်တောင်
သားတို့သမီးတို့ကအမြဲလိုအပ်နေတယ
ဒါပေမယ့်…..
လွန်ဆန်လို့မရတဲ့သဘာဝနိယာမဓမ္မက
သူ့သဘာဝသူ့ဓမ္မအလိုခေါ်ဆောင်သွားခဲ့ပြီ
“ဆရာကြီးကောင်းရာသုဂတိလားပါစေ
အဖေကောင်းရာသုဂတိလားပါစေ
သူငယ်ချင်းကောင်းရာသုဂတိလားပါစေ”လို့
ယူကြုံးမရမျက်ရည်စတွေခဏတာမေ့ထားရင်း
ဆုတောင်းပေးလိုက်ပါတယ်…။ ။
ဇွဲမာန်(အင်းဝ)
9.2.2014

Comments

Popular posts from this blog

အလွမ်းမြို့

လမ်းပေါ်ကလူ