အောင်မြင်ပါစေ ညီမလေး

အောင်မြင်ပါစေ ညီမလေး
 
ညီမလေး
ကြိုးစားလိုက်စမ်းပါ
ဘဝဆိုတာ
နှိမ့်တုံမြင့်တုံဒီရေတစ်ခုလိုပါပဲ
ကြိုးစားမှုရဲ့ရလာဘ်က
ညီမလေးလိုချင်တဲ့ပန်းတိုင်ဆိုတာမမေ့ပါနဲ့
ကိုယ့်ကိုယ်ကိုအားငယ်စိတ်တွေမွေးလိုက်ခြင်းက
ဘဝကိုသေစေရာရောက်နေတက်တယ်
အားမလျှောလိုက်ပါနဲ့ညီမလေး
ကြိုးစားသူတို့ရဲ့မိတ်ဆွေကအောင်မြင်မှုပါပဲ။

ဇွဲမာန်(အင်းဝ)

Comments

Popular posts from this blog

အလွမ်းမြို့

လမ်းပေါ်ကလူ