ခံယူခွင့်မရှိသော ဒီနေရာ
……………………………………..
ကျွန်ုပ်စာရေးဆရာမဟုတ်ဘူး
စာရေးသူ
ကျွန်ုပ်ကဗျာဆရာမဟုတ်ဘူး
စကားလုံးတွေကိုစာစီသူ
ကျွန်ုပ်ဝတ္ထုရေးဆရာမဟုတ်ဘူး
ခံစားချက်တွေကိုဇာတ်အိမ်ဖွဲ့သူ
ကျွန်ုပ်ဆောင်းပါးရေးသူမဟုတ်ဘူး
အက္ခရာတွေကိုမှတ်တမ်းတင်သူ
ကျွန်ုပ်သမိုင်းဆရာမဟုတ်ဘူး
ရတနာသိုက်တွေကိုရှာဖွေသူ
ဒါပေမယ့်…………….
ခေါင်းစဉ်တွေအမျိုးအမျိုးတပ်
ပုဒ်မတွေအမျိုးမျိုးခွဲ
ငါ ဆိုတဲ့အတ္တတရားကိုမွေးဖွားနေသူထက်တော့
နှိမ့်ကျလိမ့်မယ်လို့တော့မထင်မိ ပါဘူး..။ ။
No comments:
Post a Comment