.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Wednesday, December 31, 2014

Happy New Year

Happy New Year 

နှစ်တစ်နှစ်ရဲ့ကုန်ဆုံးခြင်းမှာ
နှစ်သစ်တစ်နှစ်ရဲ့အစတွေကပ်ငြိနေတယ်။
ကုန်ဆုံးခြင်းကျော်လွန်ခြင်းဟာ
သင်္ခါရတစ်ခုရဲ့ပြယုဂ်တွေပါ
မပြီးသေးတဲ့ဘဝတွေအတွက်
အဟောင်းအသစ်ဆိုတာ
ကြုံတွေ့ရအုံးမယ့်သံသရာတစ်ပါပဲ
မနက်ဖြန်ဟာဒီနေ့ရဲ့အသစ်ဖြစ်သလို
ဒီနေ့ဟာမနက်ဖြန်ရဲ့အဟောင်းတစ်ခုဖြစ်တယ်
ကောင်းတယ်/မကောင်းဘူး
ပျော်တယ်/မပျော်ဘူး
အဆင်ပြေတယ်/အဆင်မပြေဘူးဆိုတာ
တဒင်္ဂတခဏလေးနဲ့ဆုံးဖြတ်ပိုင်ခွင့်မရှိသေးဘူး
ကောင်းတာကိုလိုချင်တယ်
ပျော်တာကိုလိုချင်တယ်
အဆင်ပြေတာကိုလိုချင်တယ်ဆိုရင်
ကောင်းတဲ့စိတ်ထားတွေနဲ့သက်သေပြပြီး
နှစ်တစ်နှစ်ရဲ့အစကိုကြိုဆိုလိုက်ပါ
လွဲမှားသောလုပ်ရက်တွေနဲ့
Happy New Year ပါလို့
ဆုမတောင်းမိပါစေနဲ့
ကံကြမ္မာငင်နေတဲ့နှစ်တွေငါတို့ဆီမှာ
ခိုကပ်နေမှာစိုးလို့
ခုတော့
ငါ အားလုံးအတွက်
ကောင်းမွန်သောနှစ်သစ်ကိုကြိုဆိုလိုက်ပြီ
Happy New Year ပါ။

ဇွဲမာန်(အင်းဝ)
၁ ၁ ၂၀၁၅ =12:00AM

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4