လောကကြီးကတို့ဆရာ
လောကကြီးကတို့ဆရာ
....................................
မိမိဘဝ တရားရဖို့
ဝန်းကျင်းဒေသ တရားပြသည်
လောကကြီးကတို့ဆရာတဲ့...။
မိမိဘ ပညာရဖို့
ဝန်းကျင်ဒေသ သင်ကြားပြသည်
လောကကြီးကတို့ဆရာတဲ့...။
မိမိဘဝ သိဉာဏ်ကြွဖို့
ဝန်းကျင်ဒေသ လမ်းညွန်ပြသည်
လောကကြီးကတို့ဆရာတဲ့...။
မိမိဘဝ လိမ္မာကြဖို့
ဝန်းကျင်ဒေသ ဆုံးမပြသည်
လောကကြီးကတို့ဆရာတဲ့...။
နေ့စဉ်တွေ့ကြုံ ဤလူ့ဘုံဝယ်
သတိယှဉ်မှု ဉာဏ်လည်းကူ၍
အမောင်လူသား သင်ကြိုးစားလော့....။
Comments
Post a Comment