ဓမ္မ အလင်းရောင်

ဓမ္မ အလင်းရောင်
.......................................

နေကြည်ဖြာနှင်း နံနက်ခင်းဝယ်

မိမိ ရုပ် နာမ် ကိုယ်ပိုင်ဥာဏ်ဖြင့်

သေချာစီစစ် ထုတ်ဖော်လျစ်ဖို့

ဓမ္မ အလင်းရောင် ထွန်းလင်းဆောင်အံ့..။

လောကအလယ် အမှောင်ကွယ်၍

လျှောက်ကာစမ်းတမ်း အမှောင်လမ်းဖြင့်

လျှောက်လှမ်းနေသူ ထိုသ သူကို

အမှောင်ဖြိုခွင်း အလင်းပေးဖို့

ဓမ္မ အလင်းရောင် ထွန်းလင်းဆောင်အံ့..။

လုံးစုံများစွာ သတ္တဝါအား

လောဘ ဒေါသ မာန် မောဟနှင့်

ရာဂ အမှိုက် ရှင်းစေထိုက်ဖို့

ဓမ္မ အလင်းရောင် ထွန်းလင်းဆောင်အံ့..။

ချစ်သောမိတ်ဆွေ ချစ်မိတ်ဆွေ

စာပေက-ရ သိဉာဏ်မျှဖြင့်

သင်၏ဘဝ ကျွန်ုပ်ဘဝအား

ဓမ္မ အလင်းရောင် ထွန်းလင်းဆောင်အံ့..။

Comments

Popular posts from this blog

အလွမ်းမြို့

လမ်းပေါ်ကလူ