“မေ့လို့မရတဲ့နေ့ရက်”
“မေ့လို့မရတဲ့နေ့ရက်”
…………………………
ပြာလဲ့ခြင်းကောင်းကင်အောက်မှာ
ဖြူစင်တဲ့မေတ္တာရေတွေက
နီနီရဲရဲသားတစ် တစ်ခုကို
အားအင်သစ်တွေမွေးဖွားပေးနေရဲ…။
သိုသိပ်စွာထားခြင်းခံရတဲ့
နီရဲသောသွေးရေစက်တွေက
သားသမီးဆိုတဲ့ဇောတစ်ခုကြောင့်
အဖြူရောင်ဘက်သို့ပြောင်းလဲခြင်းခံရပြီ…။
…………………………
ပြာလဲ့ခြင်းကောင်းကင်အောက်မှာ
ဖြူစင်တဲ့မေတ္တာရေတွေက
နီနီရဲရဲသားတစ် တစ်ခုကို
အားအင်သစ်တွေမွေးဖွားပေးနေရဲ…။
သိုသိပ်စွာထားခြင်းခံရတဲ့
နီရဲသောသွေးရေစက်တွေက
သားသမီးဆိုတဲ့ဇောတစ်ခုကြောင့်
အဖြူရောင်ဘက်သို့ပြောင်းလဲခြင်းခံရပြီ…။
လပြည့်ညဆိုတဲ့အလင်းရောင်ဖြန့်ချ
လောကကြီးရဲ့ရုပ်ဝတ္ထုကိုပြသနိုင်
ရုပ်ဝတ္ထုကိုမြင်နိုင်တဲ့စွမ်း
ဒါပေမဲ့………….အမေကပြသခဲ့တယ်…။
ပြည့်စုံခြင်းဆိုသောအတိုင်းတာ
ဂုဏ်ပကာသနကိုစွဲချက်တင်လိုက်တာ
နွေးထွေးတဲ့အမေ့မေတ္တာကိုဆုံးရှုံ
သို့ပေမဲ့…………အမေကမပစ်ပယ်ခဲ့ဘူး
အမေဆိုတဲ့နာမ်စားတစ်ခုက
ဘဝတစ်ခုနိဂုံးမချုပ်သေးခင်
ဖြစ်ပေါ်လာမည့်ပုဂ္ဂိုလ်မြတ်တဦး
အရာရာကိုသားသမီးတွေရဲ့ရှေ့က
မားမားမတ်မတ်ရပ်တည်မည့်သူ၊
အဲဒါ………အမေပဲ…….။
မေတ္တာတစ်ခုက………
ဘဝတစ်ခုကိုနွေးထွေးစေတယ်
အားအင်သစ်တွေမွေးဖွားစေခဲ့တယ်ဆု
အဲဒီမေတ္တာဟာ…….
ဖြူစင်တဲ့အမေ့ရဲ့မေတ္တာဖြစ်လိမ့်
နေ့ရက်တစ်ခုရဲ့နံနက်ခင်းမှာ
မေ့လို့မရတဲ့နေ့ရက်တွေ
ကိုယ်တိုင်ရေးဆွဲခဲ့မယ်ဆိုရင်
အမေ့မေတ္တာကိုခံယူနေတဲ့နေ့ရက်က
ဘဝရဲ့အရေးပါမှုစာမျက်နှာထိပ်ဆုံးမှာေ
ဇွဲမာန်(အင်းဝ)
Comments
Post a Comment