.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Friday, November 23, 2012

မီးစာကုန်ခဲ့တဲ့ည

မီးစာကုန်ခဲ့တဲ့ည
…………………
ဝုန်းဒိုင်းကြဲနေတဲ့မိုးကလဲ
ဘာအကြောင်းပြချက်နဲ့ရွာခဲ့သလဲမသိ
သူ့အလိုလိုပေါ်ပေါက်လာခဲ့တဲ့အတွေးက
ကဗျာတစ်ပုဒ်ကိုမွေးဖွားပေးခဲ့တယ်
ဟိုရောက်လိုက်ဒီရောက်လိုက်
မရေမရာအတွေးတွေကိုလိုက်ဖမ်းရင်း
အတွေးသစ်တွေစာစီခဲ့မိပြီပေါ့…။
တကယ်ဆိုရင်………….ဒီလိုမဟုတ်ဘူး
ရှည်ရှည်ဝေးဝေးပြေးနေတဲ့
အတွေးကအုပ်စိုးသွားလို့လေ
မနေ့တနေ့ကမှရှိသေးတဲ့
ကန်ဘောင်ရိုးပေါ်ကဆီမီးခွက်ကလေး
ယိမ်းနွဲ့ကာပျော်လို့ ကလို့ လှလို့ ပလို့
ဖြစ်ပျက်တွေကမြန်ဆန်လှပါဘိနဲ့
ယုံတောင်မယုံမိဘူး
ခုတော့ သူမဟုတ်သလိုပဲ
ငြိမ်းသက်မှုရဲ့ဒီဂရီလေးက
   ”ဘဝ”တဲ့
ဘယ်သိလိုက်မလဲဒီလိုဖြစ်မယ်ဆိုတာ
သြော်………ခုတော့……
ပူလောင်မှုသောကမျက်ရည်စက်တွေနဲ့
မင်းမိသားစုလေးပူလောင်စေခဲ့မိပြီ
ငါ့မိသားစုလေးပူလောင်နေခဲ့မိပြီ
ဖြစ်နိုင်မယ်ဆိုရင်…………..
ကုန်ဆုံးသွားတဲ့မီးစာလေးဖြည့်ဆည်းပေးချင်ပါသေးတယ်
ခုတော့………..မထင်မှတ်ပဲ
မီးစာလေးကုန်ဆုံးသွားခဲ့ပြီပေါ့……။      ။

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4