“မာန နှင့် အပြိုင်”



“မာန နှင့် အပြိုင်”
.......................................

ရေးစပ်ဖို့စကားလုံးတွေရှာနေပေမယ့်
ငိုခဲ့တဲ့နှလုံးသားက တောက် တွေခေါက်နေပြီ
မာနတရားကိုခဝါချမယ်လို့ပြောလိုက်မိလို့ပေါ့
ကြီးမားတဲ့ပေးဆပ်မှုတွေရင်းခဲ့ရပြီး
လွယ်လွယ်နဲ့မျက်ရည်စတွေထုတ်ပစ်မလို့လား
ရှုံးတယ် နိုင်တယ်ဆိုတဲ့ပွဲမှာ
အချိန်ကဒိုင်လူကြီးအဖြစ်ပါဝင်လိမ့်မယ်
မင်းနိုင်ဖို့လိုသလို
သူလည်းနိုင်ဖို့လိုတယ်
ဒါဆိုသရေပွဲပေါ့………..
ဒီလိုဖြစ်လို့ရရိုးလား
တကယ်တော့…………
သူလည်းမနိုင်သလို
ငါလည်းမနိုင်ခဲ့ဘူး
ဒိုင်ရဲ့ဆုံးဖြတ်ချက်ကတော့အံ့မခန်းပါပဲ
သရေပွဲလုပ်ဖြစ်ဖို့ကလည်းမဖြစ်နိုင်ဘူးတဲ့
ဒါဆိုဘယ်သူများနိုင်ခဲ့သလဲ
သူလား…………
ငါလား……………….မဟုတ်ဘူး
မင်းလား………….ဒါလည်းမဖြစ်နိုင်ဘူး
ဒါဆိုဘယ်သူလဲ………………
တို့နှစ်ယောက်ကြားကဆုပ်ကိုင်ထားတဲ့
“မာန” တဲ့…………..။

Comments

Popular posts from this blog

အလွမ်းမြို့

လမ်းပေါ်ကလူ