အလွမ်း ၎
အပြစ်မမြင်ပါဘူး
အဲဒီသံယောဇဉ်
သတိရစိတ်တွေကလွှမ်းခြုံနေခဲ့တာ
ကြာပေါ့
ဘယ်သူသိနိုင်မလဲ
ခိုင်မြဲတဲ့ကြိုးတစ်ချောင်းက
ချည်နှောင်ခဲ့ပြီဆိုတာကိုလေ
အဲဒါသံယောဇဉ်တဲ့လား
သတိရစိတ်ကမွေးဖွားလိုက်တာ
တခါတခါလွမ်းမိသလို
တခါတခါဆွေးနေမိတယ်
ရိုးတာလားဆန်းတာလား
သေချာတော့မသိဘူး
သတိရစိတ်ကအကုန်သိမ်းယူလိုက်ပြီလေ
သေချာတယ်
လရောင်မရှိတဲ့ညမှာ
သူ့ကိုပဲသတိနေတော့မှာ။ ။
ဇွဲမာန်(အင်းဝ)
No comments:
Post a Comment