မာယာနှင့်အပေါင်းဖော်များ
မာနတွေအပြုံလိုက်မွေးထားပြီး
ဒေါသတွေအတောင်ပံတပ်ပေးနေတာ
လောဘကိုမနိုင်လို့လားမာယာ၊
မောဟကိုတော့သေချာမြင်အောင်မကြည့်ဘဲ
ဒိဋ္ဌိကိုလက်ခံစကားပြောနေတာ
လွဲမှားခြင်းကိုလက်ခံမိလို့လားမာယာ၊
ငါ့လုပ်ရပ်တွေငြူစူနေရအောင်
ကိုယ်တွင်းဣဿာတရားက
မစ္ဆရိယကိုအကြောင်းကြားထားလိုက်ပြီလားမာယာ၊
မာယာ
အကုသိုလ်အိမ်နင်ပိုင်ဆိုင်ထားတယ်ဆိုပြီး
ဘဝကိုငသတ်တပ်
ဘဝင်လေဟပ်မိခဲ့ရင်တော့
ငရဲမင်းကပဲဧည့်ခံပေးလိမ့်မယ် မာယာ။ ။
ဇွဲမာန်(အင်းဝ)
No comments:
Post a Comment