Good Morning
မနက်ခင်းလေးရေ
ဓမ္မာရုံကဖွင့်တဲ့တရားသံကလည်း
ကြည်နူးလိုက်တာ
ရောင်နီဦးလေးသန်းလာလိုက်တာ
ရင်ထဲမှာအေးမြလို့
မနက်ခင်းလေး
စိတ်ဓာတ်တွေလည်းလန်းဆန်းကုန်ပြီ
ပန်းပေါင်းစုံလည်းမွှေးပျံ့ကုန်ပြီ
ကျေးငှက်အပေါင်းလည်းပျော်မြူးကြကုန်ပြီ
ဘဝစာမျက်နှာတွေဖွင့်လစ်ဖို့
မနက်ခင်းလေးသတိပေးလိုက်ပြီပဲ
အပူလုံးတွေထည့်မပေးလိုက်ပါနဲ့နော်
မနက်ခင်းလးအေးမြသလို
ဘဝတွေအေးမြပါစေ
မနက်ခင်းလေးစိတ်ချမ်းသာသလို
ဘဝတွေစိတ်ချမ်းသာပါစေ
မနက်ခင်းကြည်နူးသလို
ဘဝတွေကြည်နူးရပါစေ
ဆုတောင်းပါတယ်မနက်ခင်းလေး
အဆင်ပြေခြင်း/အဆင်မပြေခြင်း
ငါမသိခဲ့ရပေမယ့်
မင်းနဲ့တွေ့ရင်
Good Morning လို့နုတ်ဆက်မိပါတယ်
ဇွဲမာန်(အင်းဝ)
02508014
No comments:
Post a Comment