.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Saturday, March 21, 2015

ဒီနေ့ဟာ

ဒီနေ့ဟာ

ဒီနေ့ဟာ
ထူးခြားဖြစ်စဉ်ထဲမှာပါနေလားငါမသိဘူး
ဒါပေမယ့်
ငါ့အတွက်ထူးခြားနေခဲ့တယ်
ဒီနေ့ဟာ
သမိုင်းဝင်ရက်တွေထဲမှာပါနေလားငါမသိဘူး
ဒါပေမယ့်
ငါ့အတွက်သမိုင်းဝင်နေခဲ့တယ်
ဒီနေ့ဟာ
စည်းလုံးခြင်းသင်္ကေတတွေဖြစ်ပေါ်နေလား
ငါမသိဘူး
ဒါပေမယ့်
ငါ့အတွက်စည်းလုံးခြင်းတွေဖြစ်ပေါ်ခဲ့တယ်
ဒီနေ့ဟာ
မေတ္တာတရားတွေရှင်သန်ခဲ့လား
ငါမသိဘူး
ဒါပေမယ့်
ငါ့အတွက်မေတ္တာတရားရှင်သန်ခဲ့ရတယ်
ဒီနေ့ဟာ
ကမာ့ကဗျာနေ့ဖြစ်ခဲ့သလို
ငါ့ကဗျာနေ့လည်းဖြစ်ခဲ့တယ်
အဲဒီကဗျာ
ရွှေတြိဂံ ရန်ကုန် မန္တလေး လို့အမည်ပေးခဲ့ပြီး
နောင်တော်ရယ်အကိုရယ်ကျွန်တော်ရယ်
ရှင်သန်ခြင်းအလှတရားကိုရွေးထုတ်ကြတယ်
ဒီနေ့ဟာ
အဲဒီနေ့ဖြစ်ခဲ့သလို
အဲဒီနေ့ဟာ
ဒီနေ့ဖြစ်တယ်။         ။

ဇွဲမာန်(အင်းဝ)
21.3.2015

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4