ကဗျာဟာအမြဲတမ်းချိုးတစ်ကောင် ဖြစ်တယ်

ကဗျာဟာအမြဲတမ်းချိုးတစ်ကောင်
ဖြစ်တယ်

ကမာက ကဗျာဖြစ်သလို
ကဗျာက ကမာဖြစ်ခဲ့တယ်
ကဗျာကိုအလှဆင်တဲ့လက်တွေဟာ
ကမာကိုအလှဆင်တဲ့လက်တွေဖြစ်တယ်
ကမာမှာသင်္ကေတရုပ်တွေများသလောက်
ကဗျာရဲ့သင်္ကေတရုပ်ကချိုးဖြူမှာသန္ဓေတည်ထားတယ်
ကဗျာဟာဓားမဟုတ်ဘူး
ကဗျာဟာဓားတွေထက် ထက်တယ်
ကဗျာဟာကျောက်သံပတ္တမြားဟုတ်ဘူး
ကဗျာဟာရတနာတစ်ပါးဖြစ်တယ်
ကဗျာဟာကမာဖြစ်ရုံကလွဲလို့
ကမာမြေရဲ့ပြည်သူတွေကို
အကျဉ်းမချထားမိဘူး
ကဗျာဟာအမြဲတမ်းချိုးတစ်ကောင်
ဖြစ်တယ်။            ။

ဇွဲမာန်(အင်းဝ)
21.3.2015

ကမ္ဘာ့ ကဗျာနေ့ အမှတ်တရ

Comments

Popular posts from this blog

အလွမ်းမြို့

လမ်းပေါ်ကလူ