`မြန်မာသူငယ်ချင်းမျာဆီသို့`
……………………………………..
တုိက္ပုံအက်ႋ
ယောလုံချည်နှင့်
ယဉ်ယဉ်သာကျောရှု့တိုင်းမောဖွယ်
လှတင့်တယ်၍မြင်သူပဂေး
စိတ်အေးအေးနှင့်ကြည်နူးပီတိ
ဝမ်းဆီထိသို့လှိုက်လှိုက်မောမော
ဖြစ်ရသောတဲ့
မြန်မာသူငယ်ချင်း…။
ရင္ဖုံးအက်ႋ
ချိတ်ထမီနှင့်
ယဉ်ယဉ်သာစွ
ရှု့တိုင်းလှသည့်
ရှည်လျားဆံပင်
ဆံထုံးထွင်၍
ထိပ်ပင်ဆင်မြန်း
နှင်းဆီပန်းက
မွှေးလျှသင်းထုံ
အလှစုံအောင်
ပါးတွင်လူးထား
ပါးကွက်ကြားနှင့်
ကြည့်တိုင်းလှတဲ့
မြန်မာသူငယ်ချင်း…။
မြန်မာသူငယ်ချင်းတို့ရေ……………..
တို့တတွေဆုံလာရောက်….
ဟောဒီ..မြန်မာသူငယ်ချင်းများအဖွဲ..ဆိုတဲ့ဝက်ဆိုဒ်အောက်မှာ
ပညာ သုတ လဲလှယ်ကြ၍
ချစ်ကြခင်မင်သံယောဇဉ်သည်
သုံးနှစ်မိုးသောက်ရောက်ခဲ့ပြီနော်…….။
သြော်…………….မြန်မာသူငယ်ချင်းတို့ရေ..
တစ်ယောက်ကိုတစ်ယောက်
စိတ်မကောက်ဘဲ
နောက်ကြ ပြောင်ကြ
ပျော်ရွှင်ရလို့
ငါလေ….ဝမ်းသာမိတယ်
မြန်မာသူငယ်ချင်း……….။
ဒါတွင်မက
စုံလင်လှ၍
သုတဖြာဖြာ
နည်းပညာကို
မျှဝေကြရင်း
ဘဝဝမ်းစာ
ရှာခဲ့ရတာကို
ကျေးဇူးတင်မိတယ်
မြန်မာသူငယ်ချင်း………။
ကဲ………မြန်မာသူငယ်ချင်းတို့ရေ….
တိုတတွေရဲ့ဆုံဆည်းရာ
ဟောဒီ….မြန်မာသူငယ်ချင်းများအဖွဲ့..လေးကို
သုံးနှစ်မှသည်နှစ်ပေါင်းဆီသို့
တနည်းတဖုံနည်းမျိုးစုံနှင့်
ကူညီဝိုင်းဝန်းပြုစုထွန်းကြစို့…..။
ဇွဲမာန်(အင်းဝ)
စာမျက်နှာလင့်ခ်===http://
မှတ်ချက်=မြန်မာသူငယ်ချင်းများအဖွဲ့
သုံးနှစ်ပြည့်အမှတ်တရရေးဖွဲ့သည်
No comments:
Post a Comment