တူနှစ်စုံမေတ္တာဝေလို့ မိုးတွေရွာချတယ်
***************************
တွေ့ခဲ့တယ်
ချစ်ခြင်းမေတ္တာတရားတွေ
မြင်ခဲ့တယ်
နားလည်မှုသစ္စာတရားတွေ
ရခဲ့တယ်
အကြင်နာမှုစေတနာတရားတွေ
ပျော်ခဲ့တယ်
တူတူရယ်မောခဲ့တာတွေ
ထင်ကျန်ရစ်ခဲ့တယ်
နမ်းရှိုက်ခဲ့ရနံ့တွေ
ဆုံခဲ့တဲ့အမှတ်တရတွေ
ရေးထိုးနိုင်ခဲ့တယ်
ဒို့. . . . . .
အချစ်ရဲ့သင်္ကေတတွေအဖြစ်
သာယာလှပတဲ့ရှု့ခင်းတွေရယ်
ကောင်းကင်ပြာကြီးတွေရယ်
တို့နှစ်ယောက်ရယ်မောသံတွေရယ်
ပေါင်းစုံလို့
ချစ်ခြင်းမေတ္တာတွေဖြစ်ပြောင်းလဲ၍
မိုးကောင်းကင်ကြီးကရေးထိုးလိုက်ပါပြီ။ ။
ဇွဲမာန်(အင်းဝ)
02901002016