…………………………………………………………….
မိုးရေစက်တွေရွာပြီးခမ်းခြောက်သွားတဲ့ရေကန်လေး
ပတ်ကြားအက်မျက်နှာပြင်ကိုဖက်ပြီးကောင်းကင်ကို
တိုင်တည်ရော့နေသလား…………..။
မနူးမနပ်အိပ်မက်တစ်ခုကိုမျက်နှာသစ်ပစ်ဖို့
ရေပြင်ကိုစမ်းကြည့်တဲ့အခါ………………
ခမ်းခြောက်နေတဲ့မြေပြင်က
ဟားတိုက်ရယ်နေသတဲ့..။
အိပ်ရာက မနိုးတစ်ဝက်နိုးတစ်ဝက်နဲ့
သံစဉ်ချောချောတေးသစ်ကိုနားထောင်ပြီး
စိတ်ကူးယဉ်အိပ်မက်မှာမျောလို့ပေါ့
ကိုယ်တိုင်လည်းမထနိုင်………
သူကိုယ်တိုင်လည်းမထနိုင်
ထနိုင်ဖို့ကြိုးစားတော့လည်းသူကိုယ်တိုင်ကမထနဲ့တဲ့
အော်………………………………
ဒါနဲ့မနူးမနပ်အိပ်မက်ကိုမျက်နှာသစ်ဖို့
ရေပြင်ကိုစမ်းကြည့်တဲ့အခါ……………………
စိုထိုင်းထိုင်းအရည်တွေထဲငါလက်နှိုက်မိလို့
ဝမ်းသာအားရနဲ့ခပ်ယူမိတဲအခိုက်
မထင်မှတ်ပဲမိုးပေါက်ကျတဲ့အချိန်မှာဖြစ်နေမိတယ်
ဝမ်းသာခြင်းတွေ….အစား……………..
ငါလေ…………….ငါလေ………………..
ငါလေ……….မပြောပါရစေနဲ့တော့………
အဲဒါငါ့နှလုံးသားကထွက်တဲ့မျက်ရည်တွေဖြစ်နေလို့ပေါ့……..။ ။
ခံစားချက်နဲ့ရေးဖွဲပါသည်………….။
No comments:
Post a Comment