ပိုက်ကွန်မိတဲ့…..ငါး
……………………………
ဟန်ဆောင်တဲ့မက်လုံးတွေကြားပြီး
ကိုယ့်ကိုအထင်ကြီးနေခဲ့မိတယ်
အရာရာဟာ`ပထမ`ဆိုချည်းပဲပေါ့..။
လှပတဲ့စကားတွေကြားပြီး
သူ့ကိုယုံကြည်မှု့တွေပုံပေးခဲ့မိတယ်
အရာရာဟာ`ယုံကြည်ရတဲ့`သူပေါ့..။
မာယာများတဲ့အမူယာတွေမြင်ပြီး
သူ့ကိုစွဲလမ်းနေခဲ့မိတယ်
အရာရာဟာ`သူကသာအလှဆုံး`ပေါ့..။
တကယ်တော့……………
ကိုယ့်ကိုကိုယ်အထင်ကြီးပြီး
လက်မထောင်မယ်ကြံကာမှ
နောက်ဆုံးရောက်နေတယ်ဆိုတာသိခဲ့ရတယ်..။
ခုတော့…………
ဟန်ဆောင်တဲ့မက်လုံး
လှပတဲ့စကား
မာယာများတဲ့အမူယာတွေက
ပိုက်ကွန်ရဲ့အရသာကိုမခံစားဖူးသေးတဲ့
ရေပျော်`ငါးကလေး`ကို
ချည်နှောင်ဖို့ပိုက်ကွန်တစ်ခုပဲဆိုတာ…………။ ။
ဇွဲမာန်(အင်းဝ)
No comments:
Post a Comment