.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Sunday, November 25, 2012

ရွာပါတော့ မိုး

ရွာပါတော့ မိုး

..................

ရွာပါတော့မိုးရယ်

အေးမြတဲ့ဆောင်းရာသီကို

ခံစားရကာနီးမှ

ပူလောင်တဲ့ငါ့ရင်ခွင်က

မီးထတောက်ခဲ့ရပြီ...။

ပေပွနေတဲ့မိုးရာသီကို

မကြိုက်မှန်းသိပေမဲ့

လောင်ကျွမ်းနေတဲ့

ငါ့နှလုံးသားလေးကိုတော့

တစ်ဘ၀စာမဟုတ်ရင်တောင်မှ

တစ်ခဏတာအေးမြခြင်းအဖြစ်

`မိုးစက်´လေးရွာခဲ့လိုက်ပါ

မိုး.............ခွင့်ပြုမယ်ဆိုရင်

ရွာခဲ့တဲ့`မိုးစက်´လေးကို

ငါ့နှလုံးသားရဲ့တနေရာမှာ

`ထာဝရ`သိမ်းထားပါ့မယ်...။

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4